Ginza Koyama2023/03/10 နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၁၀ ရက် ကံကြမ္မာရက်မတိုင်မီ

Ginza Koyama2023/03/10 နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၁၀ ရက် ကံကြမ္မာရက်မတိုင်မီ

လူတိုင်းတွင် ကံကြမ္မာ၏အမှတ်တရနေ့များရှိကြပါတယ်။
မေ့ချင်လည်းပဲ မေ့လို့မရပါဘူး။
၀မ်းနည်းစရာအကောင်းဆုံးအရာတွေလောက် မေ့လို့မရပါဘူး။
လူတွေကိုပျော်ရွှင်မှုတွေပေးခဲ့ပြီး ကူညီခဲ့တဲ့အရာတွေကို နှလုံးသားရဲ့နက်နဲတဲ့နေရာမှာ တံဆိပ်ခတ်ထားပါတယ်။
ထို့ကြောင့် ကျေးဇူးတင်ထိုက်တဲ့အရာတွေကို မမေ့အောင်လို့ နှလုံးသားထဲ့မှာမထားလို့မရပါဘူး။
မနက်ဖြန် ၃လပိုင်း ၁၁ ရက်နေ့ဟာ ဂျပန်နိုင်ငံအရှေ့ပိုင်းငလျင်ကြီးလှုပ်ခတ်တာ ၁၂ နှစ်ရှိပါပြီ။
ယခု ၁၂ နှစ်လား။၁၂ နှစ်ရှိပါသေးပါလား။
ငလျင်လှုပ်သည့်နေ့တွင် အဲဒီအခိုက်အတန့် ဘယ်နေရာမှာရှိခဲ့တာလဲ ထင်ရှားစွာမှတ်မိနေပါတယ်။
မေ့စရာအကြောင်းမရှိပါဘူး။
Nagatacho ရှိနိုင်ငံရေးသမားရုံးခန်းသည် ၁၂ ထပ်ရှိပါတယ်။
ဓာတ်လှေကားသည် မလှုပ်ယှက်နိုင်ပဲ ခြေကျင်ဆင်းခဲ့ပါတယ်။
အဲဒီအချိန်မှာ ပို့ဆောင်ရေးငယ်ရွယ်တဲ့ယာဥ်မောင်းသည် တက်လာပြီးတော့လာကြိုပေးပါတယ်။
အဲဒီ၀န်ထမ်းရဲ့ကျေးဇူးကြောင့် အဆောက်အဦးမှဆင်းပြီးကားဖြင့် Ginza ကိုပြန်နိုင်ခဲ့ပါတယ်။
အဲဒီ၀န်ထမ်းငယ်သည် ယခုဘယ်မှာ အလုပ်လုပ်နေတာပါလဲ။
အဲဒီလူငယ်ကိုမှတ်မိတဲ့အကြောင်း ယခုတလောမရှိခဲ့ပါဘူး။
ကံကြမ္မာနေ့ရက်မတိုင်ခင်က ကျွန်ုပ်သည်ဘာတွေလုပ်နေတာပါလဲ။
၃ လပိုင်း ၁၀ ရက်နေ့က ကြာသပတေးနေ့ဖြစ်ပါတယ်။
ထုံးစံအတိုင်း ပုံမှန် Ginza ရုံးခန်းမှာ အလုပ်လုပ်နေတယ်ထင်ပါတယ်။
သို့ပေမယ့် အသေးစိတ်မမှတ်မိတော့ပါဘူး။
အဲဒီလိုမျိုးအကြောင်း ဖြစ်ပါတယ်။
သာမာန်နေ့စဥ်နေထိုင်မှုဘ၀သည် ရုတ်တရက်တိုက်ခိုက်ခံရပြီး နေထိုင်မှုဘ၀ပျက်စီးသွားပါတယ်။
ကျွန်ုပ်သည် ထိုနေ့မှစပြီး တိုကျိုမြို့တော်ဧရိယာမှာ နောက်တစ်ခု မကြာခင်သေချာ‌ရောက်လာမယ့် အကြီးအကျယ်ငလျင်လှုပ်ခတ်
မယ့်နေ့အတွက် တိုက်ပွဲ၀င်ပြီးအသက်ရှင်နေပါတယ်။
တိုက်ခိုက်ရန်အဆင်သင့် ထာ၀ရပြီးပြည့်စုံတယ်လို့မဆိုလိုပါဘူး။
နေ့တိုင်းထိတ်လန့်ရတဲ့ရက်တွေလည်း ရှိပါသေးတယ်။
ဒီနေ့ ၁ ရက်သာလျှင်ကျန်ရှိတဲ့လူ့ဘ၀အနေနဲ့ ဆုံးခန်းတိုင်အောင်အကောင်းဆုံးကြိုစားသွားပြီး Koyama ၏အဖွဲ့၀င်တစ်ယောက်
အနေနဲ့ လူ့ဘ၀ကိုရှင်သန်ချင်ပါတယ်။
အဲဒီပြင်းပြတဲ့စိတ်ဆန္ဒသည် ပျောက်ဆုံးမယ့်အကြောင်းမရှိပါဘူး။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၇ . ၉၈ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၀ ၊ သွေးသကြားဓာတ် ၂၁၂
ယခုအသက်ရှင်လျှက် ဆုတောင်းပါ၊ ကိုယ်စားလှယ် Koyama Yasunari