Ginza Koyama2023/03/08 နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၈ ရက် ကျောင်းပြီးနောက်စောင့်ရှောက်မှုသည် ကလေးထိန်း သို့မဟုတ် ပညာရေးလား

Ginza Koyama2023/03/08 နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၈ ရက် ကျောင်းပြီးနောက်စောင့်ရှောက်မှုသည် ကလေးထိန်း သို့မဟုတ် ပညာရေးလား

မူကြိုကျောင်းများလုံလောက်မှုအပြည့်ရှိနေပြီး ယခုမှစ၍ လျှင်မြန်မြန်မြို့ပြဒေသတွေမှာပိုလျှံနေမယ်လို့ထင်ပါတယ်။
မိဘများအနေဖြင့် ရွေးချယ်ရန်အခွင့်အလမ်းပိုများလာပြီး မူကြိုကျောင်းများသည် ပြိုင်ဆိုင်မှုပြင်းထန်လာပါမယ်။
အထူးဘိုးဘွားရိပ်သာများသည်လည်း တိုကျိုမြို့နှင့်အနီးတစ်၀ိုက်ဒေသများတွင် ပိုလျှံသောအခြေအနေတစ်ခုပေါ်ပေါက်လာပါတယ်။
ယခုနှစ်မှာမလုံလောက်တာက နေ့ထိန်းကျောင်းဖြစ်ပါတယ်။
အသုံးပြုသူအရေအတွက်ကို တိကျစွာဖတ်ရှု့နိုင်တဲ့အတွက်ကြောင့် ကြိုတင်ပြီးတစ်ခုခုကြိုတွေးမထားပေမယ့်လည်း အမှန်တကယ်
လက်တွေ့မှာ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
မူလတန်းကျောင်း အတန်းချိန်ပြီးဆုံးပြီးနောက်တွင်လည်း ကျောင်းအဆောက်အဦးလစ်လပ်နေတဲ့အတွက်‌ကြောင့် အသုံးပြုနိုင်ရင်
ကောင်းမယ်လို့ လူတိုင်းထင်မိပါမယ်။
သို့ပေမယ့် အဲဒီနေရာက မျှော်လင့်ထားသည့်အတိုင်းဂျပန်ဖြစ်ပါတယ်။
မူလတန်းကျောင်းသည် ပညာရေးမှပညာရေး၀န်ကြီးဌာနဖြစ်ပါတယ်။
ကျောင်းပြီးနောက်စောင့်ရှောက်မှုသည် လူမှုဖူလုံရေးမှ ကျန်းမာရေး၊အလုပ်သမားနှင့်လူမှုဖူလုံရေး၀န်ကြီးဌာနတို့ ဖြစ်ကြပါတယ်။
ဒေါင်လိုက်ပိုင်ခြားခြင်းကြောင့် ချဲ့ထွင်အသုံးပြုမှုသည် မျှော်လင့်ထားသလောက်‌မတိုးတက်ခဲ့ပုံရပါတယ်။
ကျန်းမာရေး၊လူမှုဖူလုံရေး၀န်ကြီးဌာနနှင့် အလုပ်သမား၀န်ကြီးဌာနတို့ပေါင်းစည်းပြီး ကျန်းမာရေး၊အလုပ်သမားနှင့်လူမှုဖူလုံရေးဌာန
ဖြစ်လာသည်နှင့်အမျှ ပညာရေးဌာနကိုလည်းပေါင်းစည်းပြီး ကျန်းမာရေး၊အလုပ်သမား၊လူမှုဖူလုံရေး၊ပညာရေး၊ယဥ်ကျေးမှု၊အားကစား
၊သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနအဖြစ်ပြုလုပ်လို့ မရဘူးလား။
လူမှုဖူလုံရေး၊အလုပ်သမားနှင့်ပညာရေး၀န်ကြီးဌာန ဆိုရင်ရော။
နောက်ထပ်က ပြည်သူ့ခန်းမ၊ Iki Iki ပလာဇာကို အသုံးပြုရန်အကြံလည်းရှိပါတယ်။
အထူးဘိုးဘွားရိပ်သာ၏ ဒေသဆိုင်ရာနှီးနှောဖလှယ်အခန်းကို အသုံးပြုလို့မရဘူးမဟုတ်လား။
ကျောင်းဆင်းနေ့ထိန်းကျောင်းကို ပြုလုပ်ချင်တဲ့ NPO လည်းရှိမယ်လို့ထင်ပါတယ်။
ဒေသန္တရအစိုးရသည် ကိုက်ညီအောင်ပြုလုပ်ပေးပါက Koyama G အထူးဘိုးဘွားရိပ်သာမှ ပူးပေါင်းဆောင်ရွက်ပါမယ်။
Iki Iki ပလာဇာတွင် စာသင်ခန်းကိုငှားရမ်းပြီး ကျောင်းဆင်းပြီးနောက် စောင့်ရှောက်ပေးမှုပေးသည့် အသင်းအဖွဲ့ NPO ရှိပါလား။
Koyama သည် အဆောက်အဦးကိုအတတ်ိနုင်ဆုံးခွင့်ပြုပြီး ဒေသအတွင်းဖွင့်လှစ်ချင်ပါတယ်။
ပါ၀င်လိုတဲ့ အသင်းအဖွဲ့တွေရှိပါသလား။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၉ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၂ ၊ သွေးသကြားဓာတ် ၁၅၀
စာကြည့်တိုက်နှင့်စာအုပ်ဆိုင်လည်း ကျွန်ုပ်၏ကျောင်းပြီးနောက် စောင့်ရှောက်မှု
ကိုယ်စားလှယ် Koyama Yasunari