20230224Ginza Koyama နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၂၄ ရက် Koyama Care၏မိသားစုအယူ၀ါဒ

20230224Ginza Koyama နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၂၄ ရက် Koyama Care၏မိသားစုအယူ၀ါဒ

နူးညံ့သိမ်မွေ့ပြီးရိုးသားသော စိတ်ရင်းမှန်ဖြင့်ဂရုစိုက်ပါတယ်။
Koyama Care လို့ခေါ်ဆိုပါတယ်။
Koyama G ၏ဆောင်ပုဒ်ဖြစ်ပါတယ်။
ကျွန်ုပ်သည်လေ့ကျင့်‌ရေးဆွေးနွေးပွဲမှာ အကြံအစည်တီထွင်သူမဟုတ်ပဲ စိတ်ကူးအတွေးအခေါ်စကားလုံးများအဖြစ်ထည့်သွင်းခဲ့ပါတယ်။
ပထမမှာ ကျွန်ုပ်သည် နည်းနည်းရှက်မိခဲ့တဲ့အချိန်တွေရှိခဲ့ပေမယ့်လည်း ယခုမှာ ပြောင်မြောက်တဲ့စကားတွေအတွက် ဂုဏ်ယူမိပါတယ်။
ယခုတလော စီမံခန့်ခွဲမှုတွင် Koyama Care လည်းရှိတယ်လို့စဥ်းစားနေပါတယ်။
ဆေးဘက်ဆိုင်ရာသည် တင်းကျပ်ပြီးတရားမျှတခြင်း၊အကြင်နာမဲ့ခြင်း၊ရက်စက်ခြင်းတို့လည်း ရှိပါတယ်။
လူမှုဖူလုံရေးသည် လူ့ဘ၀ရဲ့အရာအားလုံးအပေါ်သက်ရောက်မှုရှိပြီး လေးနက်ပါတယ်။
အဘယ့်ကြောင့်ပါလဲ။
ထို့အတူ လူ့ဘ၀နှင့်သက်ဆိုင်တဲ့အတွက်ကြောင့်လို့ ထင်ပါတယ်။
အဲဒီတင်းကျပ်တဲ့အလုပ်တွေမှာ ရပ်တည်ပေးတဲ့လူငယ်တွေအတွက် ဂရုတစိုက်နဲ့ပြုစုပျိုးထောင်‌ပေးရပါမယ်။
တင်းကျပ်သောအလုပ်စီမံခန့်ခွဲမှုသည် ဖြစ်ရိုးဖြစ်စဥ်စံနှုန်းဖြစ်ပါတယ်။
အဲဒါကြောင့် နွေးထွေးနူးညံ့သောမေတ္တာသည်လည်းမရှိလို့မဖြစ်ပါဘူး။
အဲဒါက နောက်ဆုံးမှာမိသားစုချစ်ခြင်းမေတ္တာအတွက် သက်ဆိုင်ပါတယ်။
Koyama G သည် မိသားစုအယူ၀ါဒ ဖြစ်ပါတယ်။
ဘွဲ့ရအသစ်တွေက မိဘများထံမှအပ်နှင်းထားတဲ့ရတနာတွေလို့ ထင်ပါတယ်။
ကျွန်ုပ်မှာကလေးမရှိတဲ့အတွက် ပို၍ချစ်စရာကောင်းပြီး နောက်ထပ် တာ၀န်ရှိတယ်လို့ခံစားရပါတယ်။
Ginza မှာရှိတဲ့ ဆေးခန်းတစ်ခန်းရဲ့ကောင်တာမှာ အမျိုးသမီး၀န်ထမ်းတွေတန်းစီနေပါတယ်။
လူနာများနှင့်ကျန်းမာရေးဆေးစစ်မှုလက်ခံသူများအထဲတွင် သက်ကြီးပိုင်းအမျိုးသားများတဲ့အတွက်ကြောင့် လွပ်လပ်စွာ၀န်ထမ်းကို
ထမင်းစားဖိတ်ခေါ်တဲ့သူလဲရှိပုံရပါတယ်။
ဒီလို ကမ်းလှမ်းမှုမျိုးကိုငြင်းဆိုရန်မှာလည်း အထက်လူကြီးရဲ့အလုပ်ဖြစ်ပါတယ်။
၀န်ထမ်းတွေရဲ့ ပြုံးရွှင်နေတဲ့မျက်နှာကိုကြည့်ပြီး ကျေးဇူးတင်ကြောင်းဖိတ်ခေါ်ချင်တဲ့ အဲဒီခံစားချက်ကိုနားလည်ပေမယ့်လည်း
အလုပ်ကျင့်၀တ်ကြောင့် ခွင့်ပြုလို့မရပါဘူး။
Koyama Gသည် နိုင်ငံတစ်၀ှမ်းမှာကြီးမားတဲ့အဆောက်အဦးများကို တည်‌ဆောင်နေတဲ့အတွက်ကြောင့် ဆောက်လုပ်ရေးကန်ထရိုက်တာ
ထံမှဧည့်ခံဖို့ဖိတ်ခေါ်တာများပါတယ်။
သို့သော်လည်း Koyama Gသည် စည်းမျဥ်းအားလုံးအရ ငြင်းဆိုခဲ့ပါတယ်။
ငြင်းဆိုခြင်းသည် ရိုင်းတယ်လို့ထင်ရသည့်အခါတွင် လက်ခံလို့ရပေမယ့်လည်း ကျွန်ုပ်ရဲ့ခွင့်ပြုချက်လိုအပ်ပါတယ်။
ထို့နောက် ဒီဘက်ကနေ တူညီတဲ့ဖိတ်ခေါ်မှုကိုပြန်ပေးပါမယ်။
ထိုအရာကို ကျွန်ုပ်က ထိုင်တဲ့အခင်းကိုပြန်ပေးဖို့ခေါ်ဆိုပါတယ်။
ရှေးဟောင်း ဖျားခင်းထားတဲ့အခန်းစကားအသုံးအနှုန်းဖြစ်ပါတယ်။
၀န်ထမ်းအမျိုးသမီးငယ်များကို ဒေသတွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ခေါ်ပြီးပြချင်တယ်လို့ လျှောက်ထားတဲ့စီးပွားရေးလုပ်ငန်းရှင်
များရှိပေမယ့်လည်း ငြင်းပယ်ခဲ့ပါတယ်။
အမှန်ဖြစ်ပေမယ့်လည်း။
အမျိုးသမီး၀န်ထမ်းကိုတစ်ဦးထဲ ပြင်ပစီးပွား‌ရေးလုပ်ငန်းရှင်မှခေါ်ဆောင်ပြီး အလုပ်ကိစ္စဖြင့်ခရီး‌ဝေးထွက်ရန်ကိုလည်းခွင့်မပြုပါဘူး။
အဲဒီလို အသိတရားမရှိသောစီးပွားရေးလုပ်ငန်းရှင်များကို အလုပ်အပေါ်မှာလည်း ယုံကြည်လို့မရပါဘူး။
မိမိက မိဘဖြစ်ခဲ့ရင်လုပ်ငန်းခွင်ကိုအယုံအကြည့်မဲ့လာပါလိမ့်မယ်။
လိုက်နာမှု၊လုပ်ငန်းအမိန့်များ၊အတည်ပြုချက်နှင့်ဖြေရှင်းချက်၊စီမံခန့်ခွဲမှုအစီရင်ခံစာများဖြစ်လျှင်ပင် အခြေခံအားဖြင့်အသိတရား၊
အကျင့်စာရိတ္တနှင့်ကျင့်၀တ်တို့ဖြစ်ပါတယ်။
ထို့နောက် လူသားဆန်မှုနှင့်ရိုးသားမှုတို့ဖြစ်ပါတယ်။
စီမံခန့်ခွဲသူတွေမှာ နံပါတ် ၁ လိုက်နာရမယ့်အချက်ဖြစ်ပါတယ်။
ကျွန်ုပ်သည် ငယ်ရွယ်တဲ့၀န်ထမ်းတွေရဲ့မျက်နှာကိုမြင်လိုက်လျှင် အဲဒီပုဂ္ဂိုလ်၏မိဘတွေရဲ့မျက်နှာကို သတိရပေါ်ထွက်လာပါတယ်။
Koyama Gမှာတာ၀န်ထမ်းဆောင်တဲ့အချိန်သည် လုံခြုံတယ်မှုရှိတယ်လို့တွေးမိပါတယ်။
အထက်လူကြီးသည် လက်အောက်ငယ်သားများကို အမှတ်ပေးရာတွင်ရွေးချယ်စရာမရှိပေမယ့်လည်း စီးပွားရေးမန်နေဂျာသည်
၀န်ထမ်းမိသားစုများကိုအမှတ်ပေးခြင်းတွင် စိုးရိမ်နေကြပါတယ်။
တစ်ယောက်ထဲရှိတဲ့၀န်ထမ်းကိုတော့ ဘယ်လိုလုပ်ပါမည်လဲ။
မှန်ပါတယ် အသက်အရွယ်ကြီးတဲ့ကျွန်ုပ်ရဲ့ဝေယာ၀စ္စကို ဂရုစိုက်စေချင်ပါတယ်။
သစ္စာစောင့်သိမှုနှင့်လူသားဆန်မှုသည် Koyama Care တွင်သာဖြစ်ပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၇ . ၉၈ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၇ ၊ သွေးသကြားဓာတ် ၁၄၃
မိဘတွေရဲ့မျက်နှာကိုကြည့်ချင်တယ်လို့ မဆိုလိုပါဘူး ၊ ကိုယ်စားလှယ် Koyama Yasunari