20230219Ginza Koyama နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၁၉ ရက် Koyama ရဲတိုက်သည် ၀န်ထမ်းရဲတိုက်ပါ

20230219Ginza Koyama နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၁၉ ရက် Koyama ရဲတိုက်သည် ၀န်ထမ်းရဲတိုက်ပါ

၀န်ထမ်းအဆောင်တွေ တိုးပွားကြရအောင်ပါ။
ကျွန်ုပ်၀န်းထမ်းစဖြစ်အချိန်တွင် ကုမ္ပဏီအကြီးစားများသည်နေရာတိုင်းမှာ ခန်းနားထည်၀ါလှပတဲ့၀န်ထမ်းအဆောင်‌တွေရှိခဲ့ပါတယ်။
နိုင်ငံတစ်၀ှမ်းမှ မြို့ပြစီးပွားရေးလုပ်ငန်းကိုရည်ရွယ်ပြီး အလုပ်လုပ်ကိုင်ရန်လာရောက်ကြသော ၀န်ထမ်းအသစ်များအတွက်ခေတ်မီ
အဆောင်ဖြစ်ပါတယ်။
မြို့ပြတက္ကသိုလ်များသည်လည်း ထိုနည်းတူစွာ ဘေ့စ်ဘော၊ဘောလုံးကးစားခြင်းနှင့်အသင်းတစ်ခုစီရဲ့ အဆောင်များကိုလည်းပြည့်စုံစွာ
ထောက်ပံ့ပေးခဲ့ကြပါတယ်။
ခိုင်မာတဲ့အသင်းအဖွဲ့ကိုတည်ဆောက်ရာတွင် နေ့စဥ်လူနေမှုဘ၀စီမံခန့်ခွဲမှုမှာလည်းမရှိမဖြစ်လိုအပ်ပြီး စီစဥ်ညွှန်ကြားသူရဲ့မိသားစုကဲ့သို့
အရာရာကိုဂရုစိုက်ခဲ့တယ်လို့ထင်ပါတယ်။
ကိုလိုနာဗိုင်းရပ်ကြောင့် နေအိမ်မှအလုပ်လုပ်ရခြင်းသည် စံနှုန်းတစ်ခုဖြစ်လာခဲ့ပါတယ်။
နှစ်စဥ်ဘွဲ့ရအသစ်အယောက် ၅၀၀ နီးပါးသည် Koyama G တွင်အလုပ်၀င်ကြပြီး အသစ်လူ့အဖွဲ့အစည်း၀င်များအတွက်ပညာရေးကို
လူမှုဆက်ဆံ‌ရေးတာ၀န်တစ်ရပ်အဖြစ် မှတ်ယူပါတယ်။
မိဘအိမ်မှအလုပ်အသွားအပြန်လုပ်နိုင်တဲ့၀န်ထမ်းတွေက ကောင်းပေမယ့်လည်း တစ်ယောက်ထဲလူလွတ်သမားတွေအတွက်စိတ်ပူပါတယ်။
လူသစ်များသည် ကျောင်းသားများ၏သက်တမ်းတိုးချဲ့အမှုအဖြစ် ရှိနေပါသေးတယ်။
ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေးကို ဆန္ဒရှိလျှောက်ထားကြတဲ့ကျောင်းသားများသည် ကြင်နာသနားတတ်ကြပါတယ်။
သို့ပေမယ့် နူးညံ့သိမ်မွေ့သောသူသည် မိမိကိုယ်ကိုတိုင်လည်း ကြံ့ခိုင်သန်မာသူမဟုတ်ပါဘူး။
မိမိပတ်ဝန်းကျင်ကလူတွေရဲ့ အပြုအမူနှင့်အပြောအဆိုကို ဆုံးရှုံးခဲ့ရပါတယ်။
စီနီယာများမှပြင်းထန်တဲ့ပံ့ပိုးမှုမပေးတာက ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေးနယ်ပယ်တွင် ဆက်လက်အလုပ်လုပ်နိုင်ခြင်းမရှိပဲ အားမလို
အားမရဖြစ်တဲ့လူငယ်အများအပြားရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
၀န်ထမ်းတွေအတွက် အလုပ်ခွင်သင်တန်းလို့ပြောတာထက် လူသားတစ်ယောက်အနေနဲ့တိုးတက်ကြီးထွားမှုအတွက် အသင်းအဖွဲရဲ့အခြေခံ
တစ်ခုလိုအပ်ပါတယ်။
ဤအရာသည် ၀န်ထမ်းအဆောင်ဖြစ်ပါတယ်။
ပထမဦးဆုံးပျိုးထောင်မှုတစ်ခုသည် ဇနီးမောင်နှံများအတွက် မူလတန်းကြိုကျောင်းအနီးရှိ ၀န်ထမ်းအဆောင်ဖြစ်ပါတယ်။
အသက်အရွယ်ရလာသည့်တိုင်အောင် တစ်ယောက်တည်း အလုပ်လုပ်ချင်တဲ့၀န်ထမ်းတွေကို တုံ့ဆိုင်းခြင်းမရှိပဲ သက်ကြီးရွယ်အိုအဆောင်
ကို၀င်ရောက်နေထိုင်စေပြီး အလုပ်လုပ်စေချင်ပါတယ်။
အဆောင်ခကို ဖြေလျော့ပေးရအောင်ပါ။
ပြုစုစောင့်ရှောက်ရေး အသိအမှတ်ပြုလက်မှတ်ကို တစ်နည်းနည်းဖြင့်စီမံနိုင်ပါတယ်။
တိုက်တန်းနစ်ဇာတ်လမ်းကို ပြန်လည်သုံးသပ်စိစစ်ပြီး ပြန်လည်ဖန်တီးမည်ဖြစ်ပါတယ်။
တိုက်တန်းနစ်၏ အဓိကဇာတ်ကောင်သူရဲကောင်းများသည် ခရီးသည်များထက် သင်္ဘာအောက်ခြေမှာနေထိုင်သော သင်္ဘောသားများဖြစ်ပါတယ်။
ပြတင်းပေါက်များမပါဘဲ သင်္ဘာသားအမှုထမ်းများသည် ကျဥ်းမြောင်းသောနေရာလေးတွင် ကခုန်သီဆိုကာကြိုးစားလုပ်ဆောင်ကြပါတယ်။
ခရီးသည်တွေ အပြောင်းအလဲရှိပေမယ့်လည်း သင်္ဘောသားအမှုထမ်းတွေက သင်္ဘောနဲ့ခရီးရှည်သွားရပါတယ်။
Koyama ၏ဝန်ထမ်းများသည်လည်း သင်္ဘောခရီးသည်များဖြစ်ပါတယ်။
အနည်းဆုံးတော့ သင်္ဘောကအဲဒီလိုတွေးထင်နေပါတယ်လို့ ယူဆမိပါတယ်။
Koyama ၏အပေါင်းအဖော်များအတွက် ရဲတိုက်နှင့်သင်္ဘောကို တည်ဆောက်ပါမယ်။
ယခုမှစ၍လည်း။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၂ ၊သွေးသကြားဓာတ် ၁၃၈
သက်လတ်သက်ကြီးရွယ်အိုအမျိုးသားများအတွက် ပြင်းထန်အဆစ်အမြစ်ဝေဒနာရှင်သီးသန့်အဆောင်လည်း လိုအပ်ပါတယ်၊
ကိုယ်စားလှယ် Koyama Yasunari