Ginza Koyama2023/02/14 နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၁၄ရက် သက်ကြီးရွယ်အိုများရဲ့ Metaverse

Ginza Koyama2023/02/14 နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၁၄ရက် သက်ကြီးရွယ်အိုများရဲ့ Metaverse

၁ လကို ၁ကြိမ်သတင်းအချက်အလက်အင်ဂျင်နီယာဌာနမှ ကျောင်းသားများ၏နှီးနှောဆွေးနွေးပွဲမှာ ပါ၀င်ခဲ့ပါတယ်။
လူမူဖူလုံရေးဌာနသို့ ကျောင်းသားများရဲ့ အဆိုပြုတင်ပြချက်ကိုနားထောင်ခဲ့ပါတယ်။
အတန်းနည်းပြကြီးကြပ်ရေးဆရာနှင့်အတူတူပါ။
ဆေးရုံအဆောက်အဦးရှိ သက်ကြီးရွယ်အိုများအားလုံးသည် အာကာသကမ္ဘာသို့ပျံသန်းသွားလာနိုင်လျှင် ကမ္ဘာအနှံ့ခရီးသွားခြင်းနှင့်အနုပညာပြတိုက်များသို့
အချိန်မရွေး တစ်ယောက်ထဲလွပ်လပ်စွာသွားလာနိုင်ရန်ဆိုလိုတဲ့ အကြံဥာဏ်ဖြစ်ပါတယ်။
အဲဒါက ဖြစ်ရိုးဖြစ်စဥ်ဖြစ်ပြီး အလွန်သဘာ၀ကျတဲ့ အကြံဥာဏ်တစ်ခုဖြစ်ပေမယ့် နောက်ထပ်ခြေတစ်လှမ်းခြင်း ဆင်ခြင်သုံးသပ်စေချင်ပါတယ်လို့အကြံပြုခဲ့ပါတယ်။
လူငယ်များသည် ဂိမ်းအသုံးပြုများရဲ့မျက်လုံးမျက်နှာဖုံးများကို၀တ်ဆင်ကြပြီး အများအားဖြင့်Metaverse ၏ကမ္ဘာကိုနှစ်သက်ကြပါတယ်။
သို့ပေမယ့် ယခု ဆေးရုံအဆောက်အဦးတွေမှာ အဲဒီလိုမြင်ကွင်းမျိုးမမြင်တွေ့ဖူးပါဘူး။
မစဥ်းစားနိုင်ဘူးလား။
စည်းမျဥ်းစည်းကမ်းတွေရှိပါလား။
အဲဒီလိုအကြောင်းတွေမရှိပါဘူး။
ယနေ့ခေတ်တွင် ထိုသို့သောအသုံးပြုခြင်းမရှိခြင်းမှာ ၎င်းကိုအလိုအပ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
စိတ်ကျရောဂါမရှိလျှင်ပင် မျက်နှာကို maskတပ်ထားသည်မှာ ခက်ခဲပါတယ်။
Mask တပ်ထားရင်တောင် ဘယ်သူကခွဲစိတ်မလဲ။
မိမိကိုယ်တိုင်ပြုလုပ်နိုင်ပါသလား။
ကျောင်းသားစေတနာ့ဝန်ထမ်း တစ်ဦးချင်းစီ ရောက်ရှိလာမှာလား။
ကိုယ်ပွားတစ်ခုဖြစ်လာခြင်းတွင် လူကြီးများသည်မကြိုက်ကြဘူးလား။
အနည်းဆုံးတော့ ကျွန်ုပ်သည်စိတ်အားထက်သန်ခြင်းရှိမနေပါဘူး။
ကျွန်ုပ်၏စိတ်၀ိညာဥ်နှင်ကိုယ်ရည်ကိုယ်သွေးများသည် ချစ်စရာကောင်းတဲ့ Kittyနှင့်ရဲရင့်သော ခြင်္သေ့ဘုရင် မဖြစ်နိုင်ပါဘူး။
ယခု ကျင့်သားရနေပြီဖြစ်တဲ့လူငယ်များသည် အနာဂတ်အသက်အိုမင်းလာတဲ့အခါ အသုံးချနိုင်မှာပါ။
သို့သော် အိုမင်းလာပြီးတော့ ပထမဦးဆုံး၀ါသနာအသစ်များ၊လုပ်ဆောင်မှုများနှင့်ပျော်ရွှင်စရာများ အလွန်ခက်ခဲပါမယ်။
ထိုလူကြီးများသည် သနားစရာကောင်းပြီး ဤကဲ့သိုသောကမ္ဘာကိုမသိနားမလည်တဲ့အတွက်ကြောင့် လှိုက်လှိုက်လှဲလှဲလက်ခံမယ်လို့ဆိုလိုတဲ့ လူငယ်တွေရဲ့
မိမိကိုယ်ကိုဖြောင့်မတ်တဲ့ ယူဆချက်လို့ခံစားမိပါတယ်။
သက်ကြီးရွယ်အိုများရဲ့ အထီးကျန်မှုပဲလား။
စက်ရုပ်ခွေးအိမ်မွေးတရိစ္ဆာန်တွင် ကျန်းမာရေးအာရုံခံကိရိယာတပ်ဆင်ထားပြီးတော့ သက်ကြီးရွယ်အိုများတွင် အမြဲတမ်းဒူးအောက်တွင်ထားရှိပြီး နေ့ရာညပါ
ထိတွေ့နိုင်ခြင်းဖြင့် ကျန်းမာရေးဒေတာကိုစုဆောင်းနိုင်မည်ဖြစ်ပါသည်။
လက်ကောက်ဝတ်စရာမလိုပါဘူး။
စိတ်ကျရောဂါကိုမုန်းပြီးတော့ ဖယ်ရှားမဲ့အကြောင်းမရှိပါဘူး။
တစ်နေကုန် ပွတ်သပ်ပေးပြီး ချစ်စရာကောင်းလာပါမယ်။
ပေါင်ပါ်မှာထားနိုင်သလို ပါးပြင်ကိုပွတ်ပေးနိုင်ပါတယ်။
မည်သို့ပင်ဆိုစေ အသိစိတ်ပျောက်နေခြင်း၊သတိမေ့မြောခြင်းနှင့်နှလုံးခုန်ရပ်ခြင်းတို့ကိုသိရှိနိုင်ပြီး သူနာပြုများအားဆက်သွယ်ရေးဖြင့် အကြောင်းကြားပါတယ်။
ခွေးဆိုလျှင်အော်ဟစ်ပြီးတော့ မိသားစုကိုအသိပေးသည့် သက်ရှိခွေးတစ်ကောင်နှင့်အတူတူပါပဲ။
ထိုအရာကို ချက်ချင်းမူပိုင်ခွင့်ရယူထားတာက ကောင်းတယ်လို့အကြံပြုခဲ့ပါတယ်။
ဤနေ့စဥ်မှတ်တမ်းကိုဖတ်ပြီး စိတ်၀င်စားသူများအတွက် ဒီကျောင်းသားကိုမိတ်ဆက်ပေးပါမယ်။
Sonyဖြစ်ပြီး Aiboအသစ်ကို ဖန်တီးပေးမလား။
ကျောင်းသားအကျိုးတူလုပ်ငန်းတစ်ခုမှာ။
ကွယ်လွန်သူမိခင်သည် Aibo ကိုချစ်မြတ်နိုးပြီး ယခုလည်းပဲအိမ်တွင်ချိတ်ဆွဲထားဆဲဖြစ်ပါတယ်။
မိခင်၏အမွေခံအဖြစ်အနေနဲ့ပါ။
ယခု ပျက်သွားပြီး အလုပ်မလုပ်တော့ပါဘူး။
အခြားအကြံဥာဏ်တွေ ရခဲ့ပါတယ်။
ကခုန်ရတာကိုကြိုက်နှစ်သက်တဲ့ အမျိုးသမီးတစ်ယောက်ဆီကပါ။
Koyama Gတွင် မူကြိုကျောင်း ၄ခုရှိတဲ့အတွက်ကြောင့် Metaverseကမ္ဘာနဲ့ချိတ်ဆက်ပြီး အတူတူအကပြိုင်ပွဲကိုပြုလုပ်ကြရအောင်ပါ။
ဆိုးတာမဟုတ်ပေမယ့်လည်း ဒီလိုဆိုရင် ကမ္ဘာတစ်၀ှမ်းမှသူငယ်တန်းကျောင်းတွေလည်း ပါ၀င်နိုင်မယ်ဆိုရင်ကောင်းပါမယ်။
Metaရဲ့ကမ္ဘာသည် အကန့်အသတ်မရှိပါဘူး။
အထူးသဖြင့် ကျောင်းသားတွေကိုယ်တိုင်က မူကြိုကျောင်းကိုသွားပြီး သူငယ်တန်းကလေးတွေနဲ့ ကစားစေချင်တယ်လို့တောင်းဆိုခဲ့ပါတယ်။
ခေါင်းထဲတွင်သာစိတ်ကူးယဉ်ကြံစည်နေမယ့်အစား ကိုယ်တိုင်အတွေ့အကြုံယူပြီးတော့ စဉ်းစားစေချင်ပါတယ်။
သက်ကြီးရွယ်အိုများနှင့်ကလေးများအတွက်သာ ပျော်ရွှင်စရာကောင်းတဲ့ကမ္ဘာဟာ သဘာ၀မကျပါဘူး။
သက်ကြီးရွယ်အိုများနှင့်ကလေးများသည် ပျော်စရာကောင်းတဲ့ကမ္ဘာဟာ အသက် ၂၀ အရွယ်တွေမှာပျော်ရွှင်စရာကမ္ဘာတစ်ခု ဖြစ်သင့်ပါတယ်။
သက်ကြီးရွယ်အိုများသည် အသက် ၅၀ နှစ်နောက်ပိုင်းတွင် သင်တို့ကိုယ်တိုင်ကလွဲလို့မရှိပါဘူး။
အနာဂတ်ရဲ့ဂြိုလ်သားမဟုတ်သလို အတိတ်ရဲ့ခေတ်နောက်ကျနေသူတစ်ယောက်လည်း မဟုတ်ပါဘူး။
ကျွန်ုပ်ကအရသာတယ်လို့ခံစားမိတဲ့အရာက သင်တို့အတွက်လည်းအရသာရှိမယ်ထင်ပါတယ်။
သင်တို့ကြည့်တဲ့ရုပ်ရှင်တွေကို ကျွန်ုပ်လည်းကြည့်ပါတယ်။
မျိုးဆက်တွေကို ချုပ်နှောင်မထားပါနဲ့။
တကယ်ကိုအံ့သြစရာကောင်းတဲ့အရာတွေကို ကမ္ဘာပေါ်ရှိလူသားတိုင်းအားလုံးရနိုင်ပါတယ်။
နှလုံးသားသို့ ကူးစက်စေပါတယ်။
ကျွန်ုပ်တို့က တူညီသောလူသားဖြစ်တဲ့အတွက်ကြောင့်ပါ။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၇ . ၉၇ . ၉၇
ခန္ဓာကိုယ်အပူချိန် ၃၆.၅ ၊သွေးသကြားဓာတ် ၁၂၇
သင်ယူလေ့လာသူများ ၊ ကိုယ်စားလှယ် Koyama Yasunari