Ginza Koyama2023/02/06 နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၆ရက် မူကြိုဆရာများ လူ့အဖွဲ့အစည်းသို့ထွက်ပါ

Ginza Koyama2023/02/06 နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၆ရက် မူကြိုဆရာများ လူ့အဖွဲ့အစည်းသို့ထွက်ပါ

မူကြိုဆရာလိုင်စင်ကိုင်ဆောင်ထားပြီး မူကြိုဆရာအဖြစ်အလုပ်မလုပ်သောသူများသည် ၆၀ ရာခိုင်နှုန်းလောက်ရှိပါမယ်။
မူကြိုဆရာအနေနဲ့မဟုတ်ပဲ အလုပ်တစ်ခုခုကိုလုပ်နေကြတဲ့သူတွေက အများအပြားရှိမယ်လို့ထင်ပါတယ်။
Koyama Gတွင်လည်းပဲ မူကြိုဆရာလိုင်စင်ကိုင်ဆောင်ထားပြီး သူနာပြုစောင့်ရှောက်‌ရေးနှင့်ရုံးစာရေးအလုပ်ကို လုပ်ကိုင်နေသူအများအပြားရှိပါတယ်။
အရည်အချင်းပြည့်မီသောသူများသည် သူနာပြုဆရာ၊ပြုစုစောင့်ရှောက်‌ရေးဆရာများသည် အများအပြားရှိပေမယ့် ထင်သလောက်မရှိဘူးလို့ထင်ပါတယ်။
လွန်ခဲ့သော ၄နှစ် ၅နှစ်များအတွင်းမြို့ပြများတွင် မူကြိုကျောင်းများသည် နိုင်ငံရေးအရအရှိန်အဟုန်ဖြင့် တိုးများလာပါတယ်။
အစိုးရသည် အိမ်ရာစရိတ်စသည်တို့ သူနာပြုစောင့်ရှောက်မှုထက်အနည်းငယ်ပိုပေးတယ်လို့ထင်ပါတယ်။
သူနာပြုစောင့်ရှောက်မှုမှာလည်းအလားတူ မူကြိုဆရာမတွေအတွက် ကျောင်းများလည်းတိုးလာခဲ့တယ်လို့ ထင်ပါတယ်။
သက်ကြီးရွယ်အိုများသည် မိမိကိုယ်တိုင်သင့်လျော်သော အလုပ်များကိုရှာဖွေ‌နိုင်ပါလိမ့်မယ်။
သို့ပေမယ့် ဘွဲ့ရအသစ်တွေဘယ်လိုပါလဲ။
သူနာပြုဆရာများ၊ပြုစုစောင့်ရှောက်ရေးဆရာများ၊အာဟာရပညာရှင်များ၊ကာယကုထုံးပညာရှင်များနဲ့ အားလုံးရဲ့ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု
အရည်အချင်းပြည့်မီသူတွေကို ဆိုလိုပါတယ်။
ဆေးရုံများ၊ဆေးခန်းများ၊ဘိုးဘွားရိပ်သာများနှင့်မူကြိုကျောင်းများသာလျှင် နိုင်ငံတော်အရည်အချင်းပြည့်မီသူများရဲ့ အလုပ်လုပ်သည့်နေရာများ မဟုတ်ပါဘူး။
အဲဒီအသိပညာဗဟုသုတ၊စွမ်းရည်နှင့်ထိုးထွင်းဉာဏ်ကိုအသုံးပြုပြီး လူ့ဘောင်အဖွဲ့အစည်းများတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်စေချင်ပါတယ်။
ထိုအရာကို ကျွန်ုပ်သည် ပညာရှင်များ၏လူ့အဖွဲ့အစည်းအတွင်းသို့ ထိုးဖောက်၀င်ရောက်ပျံ့နှံ့စေခြင်းဟုခေါ်ဆိုပါတယ်။
Koyama Gသည် ယခုမှစ၍ မူကြိုကျောင်းကို တိုးမြှင့်သွားပါမယ်။
၀န်ထမ်းများသည် မိမိတို့၏ကလေးများကိုထားရှိချင်သည့် စံပြမူကြိုကျောင်းကိုဖန်တီးရန် ရည်ရွယ်ထားပါတယ်။
ဂျပန်နိုင်ငံတွင်နေထိုင်သောနိုင်ငံခြားသား၊နိုင်ငံခြားယဉ်ကျေးမှုနှင့်ဘာသာစကား သူငယ်တန်းသို့လည်း ၀င်ရောက်နိုင်ရန်အအတွက်ဖြစ်ပါတယ်။
ဖျားနာခြင်းနှင့်ဓာမတည့်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် အထူးကုဆရာ၀န်များ၊သူနာပြုဆရာများနှင့်အဟာရပညာရှင်များရှိပါတယ်။
မတူညီသောဘာသာတရားများကိုလည်း လက်ခံနိုင်ရန်ဖြစ်ပါတယ်။
အဲဒါက Koyama G မူကြိုကျောင်းဖြစ်ပါတယ်။
ထို့အပြင် မူလတန်းပြဆရာများကလည်း ပြုစုစောင့်ရှောက်ရေး၏အရည်အချင်းလိုင်စင်ကို ရယူနိုင်ရန်ဖြစ်ပါတယ်။
မိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေးဌာနတွင် Ikiiki ပလာဇာနှင့်၀န်ထမ်းစုဆောင်းရေးမှာလည်း မူကြိုကျောင်းဆရာများကို အလုပ်လုပ်စေချင်ပါတယ်။
Koyama G ၏ကမ္ဘာနှင့်စဥ်းစားပုံစဥ်းစားနည်းကို မူကြိုကျောင်းဆရာများထံ ဖြန့်ဝေလိုပါတယ်။
များပြားလှသော အသိပညာဗဟုသုတများနှင့်အတွေ့အကြုံများသည် ဆေးဘက်ဆိုင်ရာလူမူဖူလုံရေးကို တိုးတက်စေပါတယ်။
ကျွန်ုပ်၏ပြုစုစောင့်‌ရှောက်ရေးကိုလက်ခံယူပြီး အသင်းအဖွဲ့စောင့်ရှောက်မှုရဲ့အဖွဲ့၀င်များမှာ မူကြိုဆရာများသည်လည်း ရှိစေချင်တယ်လို့ထင်ပါတယ်။
ဘွဲ့ရတော့မည့် ကျောင်းသားများအားလုံး။
လူ့ဘောင်အဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ပြီး သုံးသပ်ပေးပါ။
Koyama Gမှ စောင့်မျှော်နေပါတယ်။
ဂျပန်ဘဏ်ရဲ့ နောက်လာမယ့်အုပ်ချုပ်ရေးမှူးရဲ့အသက်က ကျွန်ုပ်နဲ့အတူတူပါပဲ။
ငယ်ရွယ်တဲ့သူနဲ့က ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။
ယခုအချိန်မှစ၍ ငွေကြေးလုပ်ငန်းသည်လည်း ကမောက်ကမဖြစ်ကာ မုန်တိုင်းကြီးဖြစ်လာပါမယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၇ . ၉၈ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၆ ၊သွေးသကြားဓာတ် ၁၁၉
ဒီနေ့မနက်က ခေါက်ဆွဲပြုပ် ၊ကိုယ်စားလှယ် Koyama Yasunari