Ginza Koyama 2023/02/05 နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၅ရက် ဗီယက်နမ် ယဉ်ကျေးမှုစင်တာ

Ginza Koyama 2023/02/05 နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၅ရက် ဗီယက်နမ် ယဉ်ကျေးမှုစင်တာ

Kawasaki မြို့ရှိလူမှုဖူလုံရေးကော်ပိုရေးရှင်းများတွင် အထူးသက်ကြီးရွယ်အိုဘိုးဘွားရိပ်သာ ၄ခုရှိပါတယ်။
အဲဒီကော်ပိုရေးရှင်းတွင် ဗီယက်နမ်မှနည်းပညာအလုပ်သင်နှင့်အထူးကျွမ်းကျင်လုပ်သား ၈၀ ကျော်ရှိပါတယ်။
အားလုံးက တည်ကြည်လေးနက်ပြီး ထူးချွန်ကြပါတယ်။
ဒါ့အပြင် လင်းလက်တောက်ပနေကြပါတယ်။
သုံးသပ်ချက်များသည် တဖြည်းဖြည်းတိုးလာပါတယ်။
အားလုံးသည် အငှားတိုက်ခန်းများဖြစ်တဲ့အတွက်ကြောင့် ဗီယက်နမ်သီးသန့်အဆောင်ကို ဆောက်လုပ်ရန်စီစဥ်ထားပါတယ်။
ပထမထပ်မှာ ဗီယက်နမ်စားသောက်ဆိုင် ဖွင့်ချင်ပါတယ်။
အလုပ်သင် သင်တန်းသားများသည် စားသောက်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နိုင်ပါတယ်။
လွမ်းဆွတ်ဖွယ် ဗီယက်နမ်အစားအစာများကို စားသုံးနိုင်အောင်ပါ။
ယန်းငွေတန်ဖိုးကျဆင်းနေချိန်တွင် အခြားအချိန်ပိုင်းအလုပ်များကို မသွားရန်ဖြစ်ပါတယ်။
Kanagawa မှာဗီယက်နမ်စားသောက်ဆိုင်များ မရှိသေးပါဘူး။
ဂျပန်အစားအစာကိုလည်း မြည်းစမ်းကြည့်ပြီး သင်ယူစေချင်ပေမယ့်လည်း Koyama Gသည် တန်းတူညီမျှယဥ်ကျေးမှုဖလှယ်မှု
တစ်ခုဖြစ်ပါတယ်။
ဂျပန်၀န်ထမ်းများသည် ဗီယက်နမ်အစားစာနှင့်ဗီယက်နမ်ဘာသာစကားကို သင်ယူလိုကြပါတယ်။
ဘိုးဘွားရိပ်သာစာကြည့်တိုက်ကို ဗီယက်နမ်ယဉ်ကျေးမှုစာကြည့်တိုက်အဖြစ် ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။
ဗီယက်နမ်စာသင်ကြားရေးစာအုပ်များ၊ဗီယက်နမ်ချက်ပြုတ်နည်းစာအုပ်များ၊ခရီးသွားလမ်းညွှန်စာအုပ်များတို့ဖြစ်ပါတယ်။
ဗီယက်နမ်ရုပ်ရှင် DVD ၊ ရုပ်ပုံစာအုပ်များ၊ ရုပ်ပြများနှင့် မဂ္ဂဇင်းတို့ဖြစ်ပါတယ်။
တစ်လ ၁ ကြိမ်တွင် ဒေသဆိုင်ရာဗီယက်နမ်နှင့်ဂျပန်တို့ရဲ့ နှီးနှောဖလှယ်ရေးပွဲကို ကျင်းပချင်ပါတယ်။
၀န်ထမ်းများအကြားလုပ်ငန်းခွင်တွင် လူသားအချင်းချင်းအပြန်အလှန်နှီးနှောဖလှယ်ရေးကို ဂေဟာများအနေနဲ့ ပိုမိုပံ့ပိုးပေးစေလိုပါတယ်။
ပုံဖော်ချင်ပါတယ်။
နောက်ဆုံးမှာ ဂျပန်တွင်နေထိုင်သောဗီယက်နမ်လူမျိုးတို့၏ လူမှုနေထိုင်ရေးဘ၀နှင့်အလုပ်အကိုင်များကိုပံ့ပိုးပေးရန်အတွက်လည်း
ကော်ပိုရေးရှင်းအနေဖြင့် ထောက်ပံ့ပိုးပေးစေလိုပါတယ်။
လူမှုဖူလုံရေးကော်ပိုရေးရှင်းဖြစ်တဲ့အတွက်ကြောင့်ပါ။
Koyama G ရဲ့ မူကြိုကျောင်းသည်လည်း အစွမ်းကုန်နိုင်ငံခြားသားကလေးများကို လက်ခံနိုင်စေချင်ပါတယ်။
ဂျပန်နိုင်ငံ၏ယဥ်ကျေးမှုသည် နိုင်ငံခြားတိုင်းပြည်များမှ နှိမ့်ချစွာသင်ယူခြင်းဖြင့် ပိုမိုအဆင့်မြင့်ပြီးခေတ်မီလာပါမည်။
ဤကော်ပိုရေးရှင်းသည် ၅ နှစ်အတွင်းမှာ ဗီယက်နမ်၀န်ထမ်းအရာရှိများထွက်ပေါ်လာပါတယ်။
ဟုတ်ပါတယ် အလုပ်အမှုဆောင်များထံကြောညာခဲ့ပါတယ်။
အလုပ်လုပ်တဲ့လူတွေရဲ့ဂုဏ်ပုဒ်သည် ကမ္ဘပေါ်ရှိနိုင်ငံအားလုံးတိုင်းဖြစ်ပါတယ်။
ကလေးငယ်လေးများရဲ့ပညာရေးသည်လည်း အလားတူပါပဲလို့ ယုံကြည်နေပါတယ်။
မနေ့ညက Tokushima ရဲ့ Dokudami လက်ဖက်ရည်ကိုသောက်ခဲ့တဲ့အတွက်ကြောင့်လားပဲ နှစ်ခြိုက်စွာအိပ်စက်ခဲ့ပါတယ်။
ဒီမနက် Kwansou လက်ဖက်ရည်ကို ကျိုချက်သောက်နေတယ်။
နောက်ထပ် အိပ်ပျော်သွားနိုင်ပါတယ်။
ယခုတလော ပင်ပန်းနေတာသေချာပါတယ်။
နောက်ထပ် အနားယူအိပ်စက်ပါအုံးမယ်။
ယနေ့နံနက်သွေးခုန်နှုန်းအောက်ဆီမီတာ ၉၇ . ၉၇ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၁ ၊သွေးသကြားဓာတ် ၁၅၀
ဆင်းရဲနွမ်းပါးသောကလေးများအား ထောက်ပံ့မှု ၊ကိုယ်စားလှယ် Koyama Yasunari