Ginza Koyama2023/02/02 နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၂ ရက် ဖြန့်ဖြူးမှုနှင့်အတူ နာရီလုပ်ခကွာဟချက်

Ginza Koyama2023/02/02 နေ့စဥ်မှတ်တမ်း ၂ လပိုင်း ၂ ရက် ဖြန့်ဖြူးမှုနှင့်အတူ နာရီလုပ်ခကွာဟချက်

အဓိကဖြန့်ဖြူးရေးဆိုင်ကြီးများသည် နာရီအလိုက်လုပ်အားလခကို ၇ရာခိုင်နှုန်းတိုးပေးပါတယ်။
အထည်ဆိုင်ခွဲများသည်လည်း လစာကို၂၀ ရာခိုင်နှုန်းတိုးပေးပါမည်လား။
ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု ဘယ်လိုလုပ်ပါမည်လဲ။
ကျွန်ုပ်သည် ဘိုးဘွားရိပ်သာဖွင့်တဲ့အချိန်တုန်းက အနီးအနားရှိစူပါမားကတ်တွေရဲ့နာရီလုပ်အားခကို အမြဲအာရုံစိုက်ပါတယ်။
အဲဒီမှာ တစ်နာရီလုပ်အားခတွေအပြိုင်အဆိုင်ဖြစ်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
အမှန်တကယ်တော့ တစ်ချိန်ထဲမှာဖွင့်လှစ်ထားပြီးအလုပ်အကိုင်တွေ ကွဲပြားပေမယ့်လည်းပြိုင်ဆိုင်မှုလည်းရှိခဲ့ပါတယ်။
ထိုအချိန်မှစပြီး တစ်ချိန်ထဲမှာစုပေါင်းလုပ်ခဲ့လားလို့ဆိုတဲ့ ခံစားချက်တွေပေါက်ဖွားလာခဲ့ပါတယ်။
ပြုစုစောင့်ရှောက်ရေးနှင့်စူပါမားကတ် ဘယ်အလုပ်ကပိုပြီးခက်ခဲပါလဲ။
ငွေစာရင်းကိုင်ကိုကြည့်မယ်ဆိုရင် ကျွန်ုပ်အနေနဲ့လုပ်နိုင်မယ်မထင်ပြီး အဲဒီပုဂ္ဂိုလ်ကပိုပြီးခက်ခဲမယ်လို့ထင်မိပါတယ်။
သို့သော်လည်း သူနာပြုစောင့်ရှောက်မှုသည် အသက်များကိုကယ်တင်ပေးပြီး နေ့စဥ်လူမှုဘ၀အတွက်အထောက်အကူပြုခြင်းကိုသတိပြုမိပါတယ်။
နှိုင်းယှဥ်ပုံက ထူးဆန်းမှုကြောင့်ပါလား။
လုပ်သားပုဂ္ဂိုလ်များမှာ သူနာပြုစောင့်ရှောက်မှုလုပ်ငန်း၏အရေးပါမှုနှင့် အသက်အိုးအိမ်တွင်ဆက်စပ်သောလေးနက်မှုတို့ကို အသိတရာများ
ရှိစေချင်တယ်လို့ထင်မြင်မိပါတယ်။
ဒီအလုပ်မှာ ဂုဏ်ယူမှုနဲ့လူမှုရေးတန်ဖိုးတွေ ပိုရှာစေချင်လို့တောင်းဆိုခဲ့ပါတယ်။
အခြားအလုပ်အကိုင်တွေကို နှိမ့်ချပြောဆိုတာမဟုတ်ပါဘူး။
မူလအစမှာ လစာကမြင့်မားခြင်းမရှိပဲ အလုပ်ကသက်သောင့်သက်သာမရှိခြင်း၊တာ၀န်လဲကြီးပြီး အမျိုးအသားအရည်အချင်းကိုရရှိအောင်
အတတ်နိုင်ဆုံး လေ့လာရေးများလည်းရှိပါတယ်။
အများစုမှာ အသက်မွေးဝမ်းကျောင်း ကျောင်းဆင်းများဖြစ်ပါတယ်။
ဂုဏ်ယူပါတယ်။
ထို့နောက် လူ့အဖွဲ့အစည်းကိုပို၍နားလည်ပြီး လေးစားလိုက်နာသင့်ပါတယ်။
ယခုတလော ဘိုးဘွားရိပ်သာ၌မိသားစုရှင်းလင်းပွဲတစ်ခုမှာ ဂေဟာမှာမိသားစုကိုဓားစာခံအဖြစ်ချုပ်နှောင်ထားတဲ့အတွက်ကြောင့်လို့ဆိုတဲ့
မိသားစုတစ်စုရှိခဲ့ပါတယ်။
အံ့ဩသွားခဲ့ရပါတယ်။
သင့်မိသားစုသည် ‌ဂေဟာကိုရွေးချယ်ပြီးတော့လျှောက်ထာပြီး ၀င်ရောက်စေခဲ့တာမဟုတ်ပါလား။
ဂေဟာက စီးပွားရေးအနေနဲ့လာပြီးတော့ ခေါ်ဆောင်သွားခဲ့တာလား။
အုပ်ချုပ်ရေးသည် ဂေဟာအတွင်းကိုတင်းကျပ်သောအစီအမံဖြင့် ၀င်‌ရောက်စေချင်ခဲ့တာပါလား။
အသုံးပြုသူများနှင့်၎င်းတို့၏ မိသားစု၀င်များသည် လွပ်လပ်စွာ ဂေဟာနှင့်ဆေးရုံများကို ရွေးချယ်ခဲ့ကြပါတယ်။
ဂေဟာသည် ရွေးချယ်ခြင်းခံခဲ့ရတယ်လို့ထင်ပြီး မိသားစုနှင့်အလားတူ ၂၄ နာရီ ၃၆၅ ရက်စောင့်ရှောက်ထားပါတယ်။
မိသားစုထံမှ နားလည်မှုနှင့်ကျေးဇူးတရာများဖြစ်ပါတယ်။
ထို့နောက် ကမ္ဘာ့အဆင့်အတန်းမီ လစာတို့ဖြစ်ပါတယ်။
နှစ်ခုစလုံးဘယ်ဟာမှမရှိရင် လူတွေကအလုပ်မဖြစ်နိုင်ပါဘူး။
အနည်းဆုံးတော့ ကြာရှည်မခံပါဘူး။
နားလည်မှုရှိပြီး ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်တဲ့ မိသားစု၀င်တွေနဲ့ပေါင်းသင်းဆက်ဆံချင်ပါတယ်။
ဂေဟာသည်လည်းပဲ အသုံးပြုသူများကိုရွေးချယ်ပိုင်ခွင့်များရှိပါတယ်။
အသုံးပြုသူများနှင့်တန်းတူညီမျှသောဆက်ဆံရေး ယုံကြည်မှုကိုတည်ဆောက်ရန်မှာ လူမူရေးပြုပြင်ပြောင်းလဲမှုများလိုအပ်နေပါသေးတယ်။
ဂေဟာစီမံခန့်ခွဲရေးသာမက လူမူရေးပြုပြင်ပြောင်းလဲမှုများလည်း လိုအပ်သည်ဟုစဥ်းစားမိပါတယ်။
နိုင်ငံရေးသမား၊အုပ်ချုပ်ရေးအရာရှိနှင့်ဝေဖန်ရေးသမားဖြစ်လာရန်လည်း မဟုတ်ပါဘူး။
အလုပ်နယ်ပယ်ကိုသိတဲ့ အလုပ်အမှုဆောင်တစ်ယောက်အနေနဲ့ လုပ်ငန်းအတွင်း၀န်ထမ်းတွေကို အရေးကြီးကာကွယ်ရန်မှာလူမူရေးဆိုင်ရာ
ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာမယ်လို့ယုံကြည်မိပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၇ . ၉၇ . ၉၉
ခန္ဓာကိုယ်အပူချိန် ၃၆.၇ ၊သွေးသကြားဓာတ် ၁၁၇
နိုင်ငံသားဟောင်း တက်ကြွလှုပ်ရှားသူ ၊ ကိုယ်စားလှယ် Koyama Yasunari