Ginza Koyama2023/01/25 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၂၅ရက် Ginza ရှိဂျပန်အစားအစာ

Ginza Koyama2023/01/25 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၂၅ရက် Ginza ရှိဂျပန်အစားအစာ

Ginza တွင်ကော်မတီအဖွဲ့၀င်များနှင့်ဧည့်သည်များကို ကောင်းမွန်စွာဧည့်၀တ်ကျေပွန်သော ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ရှိပါတယ်။
Ginza ရုံးရဲ့အနီးအနားရှိအဆောက်အဦး၏ အောက်ထပ်မှာတည်ရှိပါတယ်။
စားသောက်ဆိုင်ငယ်တစ်ခုလို့ပြောပေမယ့်လည်း ဇိမ်ကျကျနှင့်ပထမတန်းစားဧည့်၀တ်ကျေပွန်တဲ့ အရည်အသွေများရှိပါတယ်။
စားသောက်ဆိုင်လောက်တော့ တရား၀င်မဟုတ်ပေမယ့် သဘောကောင်းပြီးတော့ဖော်ရွေပါတယ်။
မစ္စတာစာဖိုးမှူးနှင့်မစ္စတာ Nakaiတို့သည်လည်းမပြောင်းလဲပဲ မျက်နှာရင်းနှီးဆဲဖြစ်ပါတယ်။
အသုံးစရိတ်နှင့်ပါ၀င်ပစ္စည်းများသည် တစ်ကိုယ်ကောင်းဆန်သောကြောင့် Ginzaမှာအကြိုက်ဆုံးဆိုင်လို့ပြောင်ရလောက်အောင်
စိတ်ကြေနပ်ခံစားမှုအပြည့်အ၀တစ်ခုရှိပါတယ်။
အဲဒီလိုဆိုင်ကိုငှားရမ်းပြီး ရုံး၀န်ထမ်းလူငယ်များအတွက် နေ့လယ်စာစားပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်လို့ ခေါ်သင့်မလားပါပဲ။
ငယ်ရွယ်သောလူငယ်များကို Ginzaရဲ့လူကြီးအတွေ့အကြုံတွေကို ပေးချင်တယ်လို့တွေးပြီး Ginzaမှာအငြိမ်းစားယူခဲ့သော
ကျွန်ုပ်၏ဖိတ်ကြားခြင်းဖြစ်ပါတယ်။
လစဥ်လတိုင်း ၁ကြိမ်လောက် ပီဇာကိုယူပြီး၊အန်ပန်ကို၀ယ်ယူလာပြီးတော့ လက်ဆောင်တစ်ခုအနေနဲ့ယူလာပေမယ့်လည်း
ဒီလမှာတော့အားကြိုးမာန်တက်ပါပဲ။
ဒီစားသောက်ဆိုင်ရဲ့တန်ပူရာက ပေါ့ပါးပြီးအရသာရှိတာမို့စမ်းစားကြည့်စေချင်ပါတယ်။
ငယ်ရွယ်တုန်းကလိုပဲ မူးရူးစားသောက်ခွင့်မပြုတော့ဘဲ လူငယ်တွေကိုဆက်ဆံစေချင်ပါတယ်။
၀န်ထမ်းသစ်တွေက ယခုကျွန်တော့မြေးတွေရဲ့မျိုးဆက်နှင့်နီးစပ်နေပါတယ်။
ခေါက်ဆွဲထုတ်မစားရဘူးလို့ မပြောပေမယ့်လည်း တစ်ခါတစ်ရံမှာ တကယ့်အစားစာဟင်းများကို မြည်းစမ်းကြည့်စေချင်ပါတယ်။
အရသာရှိသည့်အစားအစာများကို စားသောက်နေချိန်တွင် လူငယ်များ၏မျက်နှာသည် ရွှင်လန်းတောက်ပနေပါတယ်။
အားနာခြင်းမရှိပဲ များများစားပြီးသောက်လို့ရပါတယ်။
ငယ်ရွယ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ယခု အတောအတွင်းပဲဖြစ်ပါတယ်။
ကျွန်ုပ်လည်းပဲ ငယ်ရွယ်တဲ့အချိန်ရဲ့မဆင်မခြင်လုပ်ခြင်းကို နောင်တရဖို့မရှိမှာသေချာပါတယ်။
ယခုအနေနဲ့ဆိုလျှင် ပိုပြီး‌တော့စားသောက်ပြီး ပျော်ပါးခဲ့သင့်ပါတယ်။
ဒါနဲ့ ကျွန်ုပ်သည် ဒီလိုလိမ္မာရေးခြားရှိတဲ့အဘိုးကြီးဖြစ်လာဖို့ဆိုတာကို စိတ်ထဲတွေးမထားပါဘူး။
တစ်သက်လုံးလေးနက်ပြီး အမြဲတမ်းပြုံးနေတဲ့အဖေနဲ့တူလာခဲ့ရင် ၀မ်းသာမိမှာပါ။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၇ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၄ ၊သွေးသကြားဓာတ် ၂၀၃
သက်သောင့်သက်သာမှီရန်ခုံကိုယူလာပါတယ်၊ကိုယ်စားလှယ် Koyama Yasunari