Ginza Koyama2023/01/24 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၂၄ရက် ဟိုတယ် နံနက်ခင်းစာ

Ginza Koyama2023/01/24 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၂၄ရက် ဟိုတယ် နံနက်ခင်းစာ

နံနက်မိုးသောက်တွင် ကော်ဖီသောက်သလိုမျိုးကဗျာဆန်ဆန်တော့မဟုတ်ပါဘူး။
ကျွန်ုပ်ငယ်ရွယ်စဥ်အခါက ဟိုတယ်မှာတစ်ယောက်ထဲမနက်စာ အေးအေးဆေးဆေးစားရတာကို ကြိုက်နှစ်သက်ပါတယ်။
စနေ၊တနင်္ဂနွေတွေမှာ ရုပ်ရှင်ရုံကိုမသွားခင် ၇နာရီကနေ ၁၀ နာရီအထိအနီးနားကဟိုတယ်မှာထိုင်ပြီး အဲဒီနေ့အတွက်ရုပ်ရှင်အချိန်ဇယားကို
စဥ်းစားတဲ့အလေ့အထရှိပါတယ်။
သုံးကားကြည့်မှာဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုအစီအစဥ်နဲ့ကြည့်မယ်ဆိုတာကို စီမံကိန်းတစ်ခုပြုလုပ်ပါတယ်။
အဲဒီအတောအတွင်းမှာ အနီးအနားမှာရှိတဲ့ပြတိုက်ကိုလည်းသွားပါမယ်။
Hibiya သို့မဟုတ် Roppongiဖြစ်ပါတယ်။
အကျိုးရှိပြီး ကြားကာလအချိန်ကိုဖြုန်းတီးခြင်းမဖြစ်စေအောင်ပါ။
အတတ်နိုင်ဆုံး လစ်လပ်နေသောရုပ်ရှင်ရုံနှင့်ပြတိုက်ရဲ့အချိန်ကို ရွေးချယ်ပါတယ်။
အင်တာနက်မရှိတဲ့ခေတ်ဖြစ်သောကြောင့် ပီအာမဂ္ဂဇင်းနှင့်သတင်းစာ၏ရုပ်ရှင်ကဏ္ဍတို့သည်သတင်းအရင်းအမြစ်များဖြစ်ပါတယ်။
ဟိုတယ်တွင် သတင်းစာများအပြည့်ရှိပါတယ်။
၂ နာရီကြာအောင် စာရွက်တစ်ခုလုံးကို ဖြည်းဖြည်းချင်းဖတ်ပါတယ်။
ကော်ဖီကိုလည်း ၁၀ ခွက်‌လောက်သောက်တယ်လို့ထင်ပါတယ်။
ယခု မနက်စာမဟုတ်ဘဲ နေ့လည်စာဖြစ်ပါတယ်။
နေ့လည်စာ စားစရာမလိုတော့ပါဘူး။
မနက်စာနဲ့နေ့လယ်စာလို့တွေးကြည့်ရင် ဟိုတယ်ရဲ့မနက်စာကဈေးမကြီးပါဘူး။
ငယ်ငယ်တုန်းကတော့ အရွက်သုပ်၊ဘေကွန်နဲ့ ကြက်ဥ၊ ခုရော့၀ှစ်ဆန်းမုန့်စားပါတယ်။
ယခုတလော ဆေးရုံအသင်းအဖွဲ့များနှင့်နိုင်ငံရေးသမားများ၏ နံနက်စာအစည်းအဝေးများတွင် Shokado ထမင်းဘူးတို့ဖြစ်ပါတယ်။
မျှတပြီးကျန်းမာရေးအတွက် ကောင်းတယ်လို့ထင်ပါတယ်။
ဘိုးဘွားရိပ်သာကိုသွားမယ်ဆိုရင်တော့ ရက်ရှည်နေထိုင်လို့ရတဲ့ ဟိုတယ်ကိုရွေးချယ်ပါ။
အနာဂတ်မှာ နေမကောင်းနေတဲ့သက်ကြီးရွယ်အိုတွေ အချိန်အကြာကြီးနေလို့ရတဲ့ ဟိုတယ်ကိုလုပ်ဆောင်ချင်ပါတယ်။
ဆေးရုံဟိုတယ်လို့ အမည်ပေးပါမယ်။
ဟုတ်ပါတယ် ကျွန်ုပ်ကဧည့်သည်များရဲ့ပထမဆုံးဖြစ်ပါလိမ့်မယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၇ . ၉၈ . ၉၇
ခန္ဓာကိုယ်အပူချိန် ၃၆.၁ ၊သွေးသကြားဓာတ် ၁၅၀
အေးလာပါပြီ ၊ကိုယ်စာလှယ် Koyama Yasunari