Ginza Koyama2023/01/23 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၂၃ရက် ဝန်ထမ်းတွေကြားရပါလား

Ginza Koyama2023/01/23 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၂၃ရက် ဝန်ထမ်းတွေကြားရပါလား

လူပေါင်း ၁၄၀၀၀ရှိလျှင် အသံတွေကြားရတာခက်ခဲပါတယ်။
နေ့စဥ်နေ့တိုင်းအတည်ပြုချက်တောင်းဆိုမှုများ၊အစီရင်ခံစာများကို မြင်တွေ့ရတာက နံပါတ်များသာလျှင်ဖြစ်ပါတယ်။
လစဥ်အခြေခံအစည်းအ‌ဝေးများ၊ဘဏ္ဍာရေးအစည်းအဝေးများသည်လည်း နံပါတ်များနှင့်အစားမထိုးပါက ဆုံးဖြတ်ချက်ချနိုင်မည်မဟုတ်ပါ။
ကျွန်ပ်၏ဖြေရှင်းချက်မှာအတိုချုပ်ပြောရလျှင် အများဆုံးပမာဏ၏ အဆုံးအဖြတ်ဖြစ်ပါတယ်။
စုစုပေါင်း ဆောက်လုပ်ရေးကုန်ကျစရိတ်ဖြစ်ပါတယ်။အခမ်းအနားပြီးစီးမှုဘတ်ဂျက်ဖြစ်ပါတယ်။
စုဆောင်းရေးဆိုင်ရာအကျဉ်းချုပ်၏အကြောင်းအရာများမှ စုစုပေါင်းဘတ်ဂျက်ကို လုံခြုံစေခြင်းဖြစ်ပါတယ်။
ဆုကြေးငွေများ၊အပိုထောက်ပံ့ကြေးများ၊ချေးငွေကန့်သတ်ချက်များ၊စုစုပေါင်းသတ်မှတ်ဘတ်ဂျက်များဖြစ်ပါတယ်။
၎င်း၏အကြောင်းအရာများမှာ တာဝန်ခံဒါရိုက်တာမှအကျဥ်းချုံးတင်ပြမှာဖြစ်တဲ့အတွက် အလျင်စလို၀င်ပြီးပြန်လည်သုံးသပ်ရန်ရှားပါးပါတယ်။
အမှု‌ဆောင်အုပ်ချုပ်မှုစွမ်းရည် အရည်အချင်းများနှင့်ကော်ပိုရိတ်အဖွဲ့အစည်းတစ်ခုလုံး၏ အတွေ့အကြုံများလည်းတိုးမြှင့်လာခဲ့ပါတယ်။
သို့ပေမယ့် မတူညီတဲ့ရှုထောင့်ကနေကြည့်ရင် အလုပ်ကိုပိုပြီးရင်းနှီးလာလေလေ ရူးသွပ်လေလေလို့ဆိုနိုင်ပါတယ်။
မန်နေဂျာ၏အရေးကြီးသောအလုပ်မှာ ပျက်စီးနေသောအဆောက်အဦးများသာမက တောင့်တင်းသောအဖွဲ့အစည်းကိုလည်း ဖျက်ဆီးပစ်ရန်ဖြစ်ပါတယ်။
လုပ်ငန်းသစ်မစဉ်းစားခင်မှာ ဖန်တီးမှုအတွက်ဖြစ်ပါတယ်။
တူညီသောအဆောက်အဦးတည်ဆောက်စေရန်နှင့်ပညာရေးတွင်လည်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန်တို့ဖြစ်ပါတယ်။
အဲဒီအတွက်ကြောင့် ဝန်ထမ်းအားလုံး၏အသံကို နားထောင်ရန်အကြောင်းဖြစ်ပါတယ်။
ကျွန်ုပ်မသိရင်တောင် အမှုဆောင်ထဲကတစ်ယောက်ယောက်ရဲ့နားဆီရောက်လာပြီး တုံ့ပြန်နိုင်ခဲ့တဲ့အကြောင်းဖြစ်ပါတယ်။
သို့သော်လည်း ကျွန်ုပ်ကြားသိရပြီးမှ နားထောင်းပြီးအဖွဲ့အစည်းကစတင်လုပ်ဆောင်ပြီး ကိုင်တွယ်ဖြေရှင်းရမည့်ကိစ္စများသည်လုံး၀မရှိပါဘူး။
ကံမကောင်းစွာပဲ၊အဝေးက၀န်ထမ်းတစ်ယောက်ရဲ့အသံက Ginza မှာရှိတဲ့ကျွန်ုပ်ဆီအထိကို ‌ဝေးကွာပြီးတော်တော်နဲ့မကြားရပါဘူး။
အဲဒါကြောင့်ပါပဲ zoom အစည်းအဝေးတွေမှာ တက်ရောက်လာသူများ၏မျက်နှာကိုသေချာကြည့်ရှု့ပါတယ်။
ထပ်ကြပ်မကွာ စကားအသုံးအနှုန်း၊ အသွင်အပြင်၊ မျဉ်းကြောင်းကိုသေချာစွာစစ်ဆေးပါ။
ပြန်လည်ဖြေကြားတဲ့အခါမှာ မြင်ကွင်းကိုစိတ်ပူမိပါတယ်။
အောက်ကိုခေါင်းငိုက်စိုက်နေခြင်း ဒါမှမဟုတ် မျက်ခွံတွေညောင်းနေရင် မေးခွန်းတွေဆက်မေးပါတယ်။
ကျွန်ုပ်ဆီကိုပြင်းပြင်းစူးစိုက်စွာကြည့်ခြင်းသည် ကင်မရာကိုကြည့်ခြင်းဖြစ်ပါတယ်။
အဲဒီလိုယုံကြည်မှုရှိပြီးသတ္တိရှိတဲ့ကိုယ်ရည်ကိုယ်သွေးရှိသူတောင်မှ ပြဿနာတွေကိုဖြစ်ပေါ်တဲ့အကြောင်းရှိပါတယ်။
မိမိကိုယ်ကိုဗဟိုပြုပြီး ယုံကြည်မှုလွန်ကဲခြင်းတို့ဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေး၏ Koyama Gသည် အားနည်းသူများအုပ်စုတစ်ခုဖြစ်ပါတယ်။
ခိုင်မာသောခေါင်းဆောင်တစ်ဦးလိုအပ်သော်လည်း အားနည်းတဲ့လက်အောက်ငယ်သားများကိုပြုစုပျိုးထောင်ရန်နှင့်ပြုစုပျိုးထောင်ကာကွယ်စောင့်ရှောက်ရန်
ချစ်ခြင်းမေတ္တာနှင့်တာ၀န်သိစိတ်ရှိရန်လိုအပ်ပါသည်။
အဲဒီလိုမျိုးအမှုဆောင်တွေအများကြီးရှိရင်တော့ ကျွန်ုပ်အနေနဲ့ခက်ခဲမှာမဟုတ်ပါဘူး။
အမှုဆောင်တွေကို လမ်းညွှန်ဖို့ကကျွန်တော့်ရဲ့အလုပ်ဖြစ်ပါတယ်။
တပ်မကြီးရဲ့အသံတွေကိုအဝေးမှာမကြားနိုင်ရင်တောင် ပွဲများနှင့်အလုပ်ရုံများတွင် စိတ်အားထက်သန်တဲ့အပြုံးတွေရဲ့ဓာတ်ပုံတွေကအားတက်စရာပါ။
အီးမေးလ်နဲ့ပို့လာပေးတာကို ပုံနှိပ်ထုတ်ယူပြီးရုံးခန်းရဲ့နံရံမှာကပ်ထားပါတယ်။
ကျွန်ုပ်သည်အထက်တန်းကျောင်းမှာ ဓာတ်ပုံဒါရိုက်တာလုပ်ခဲ့ပါတယ်။
ဓါတ်ပုံကိုကြည့်နေတဲ့မျက်လုံးက မတူပါဘူးလို့ပြောချင်ပါတယ်။
အတွေ့အကြုံနှင့်အသိအမြင်ဖြစ်ပါတယ်။
အဲဒါကိုဝန်ထမ်းတွေပြောပြဖို့ရန်နည်းလမ်း ရှာမတွေ့သေးပါဘူး။
ဒီဒိုင်ယာရီကလွဲရင်ပေါ့။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ . ၉၉
ကိုယ်အပူချိန် ၃၆.၃ ၊သွေးသကြားဓာတ် ၁၇၀
ဆိုဘာဂ် 009 မှ 003 ဖရန်ကွိုက် ၊ကိုယ်စားလှယ် Koyama Yasunari