Ginza Koyama2023/01/21 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၂၁ ရက် လျှို့၀ှက်ခြင်းရဲ့ဓာတ်မတည့်မှု

Ginza Koyama2023/01/21 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၂၁ ရက် လျှို့၀ှက်ခြင်းရဲ့ဓာတ်မတည့်မှု

ကျွန်ုပ်သည်ကလေးအရွယ်လောက်မှ အသားဖြူပြီးတော့ နေလောင်ဒဏ်ခံနိုင်ရည်အားနည်းပါတယ်။
မူလတန်းကျောင်းကတည်းက ကျောင်း၀င်းအပြင်မထွက်ချင်တော့ပဲ အမြဲတမ်းတစ်ယောက်ထဲစာကြည့်တိုက်ထဲမှာပုန်းနေပြီးတော့စာဖတ်ခဲ့ပါတယ်။
စာအုပ်တွေ၀ိုင်းရံထားတဲ့ မှော်မိုက်နေတဲ့အထီးကျန်အခန်းထဲမှာ မှော်ကျောင်းရဲ့လျှို၀ှက်အခန်းဖြစ်ခဲ့ပါတယ်။
အတိအကျပြောရရင် စာအုပ်တိုင်းသည်ကျွန်ုပ်မသိသေးတဲ့မှော်ပညာရဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
အဟောင်းထူထပ်သောနှစ်စဥ်ထုတ်ဝေစာစောင်နှင့်အဘိဓာန်သည် မှော်ပညာရဲ့နှုတ်ကပတ်တော်၊ကျမ်းစာတို့ဖြစ်ပါတယ်။
နံရံမှာတန်းစီထားပြီး နောက်ဖုံးစာရွက်တွင် နတ်သမီးသစ်တောအုပ်ဖြစ်ပါတယ်။
မီးလောင်နိုင်လောက်တဲ့ နေရောင်ခြည်ရဲ့အလင်းရောင်ဟာ မာရ်နတ်မှဖန်ဆင်းထားပြီးတော့ ယခုလည်းပဲ မယဥ်ပါးပါဘူး။
ခန္ဓာကိုယ်တစ်ခုလုံးနီရဲပြီးယားယံလာပါတယ်။
ကျွန်ုပ်သည် လကမ္ဘာမှတမန်တော်လား ဒါမှမဟုတ် နတ်သမီးတွေရဲ့အမျိုးနွယ်တွေလားလို့ တွေးမိပါတယ်။
ယားယံစေတဲ့အစားအသောက်တွေလည်းပဲရှိပါတယ်။
ပုစွန်၊ ဂဏန်း၊ ဂုံးကောင်၊ ပြည်ကြီးငါး၊ ရေဘဝဲတို့ဖြစ်ပါတယ်။
ရိုးရိုးအစားအစာဓာတ်မတည့်ခြင်းဖြစ်ပါတယ်။
အမေသည် ဟင်းချိုထဲမှာထည်ယုံလောက်တင်လည်းပဲ လျှာပေါ်မှာခံစားတတ်ပါတယ်။
ပုစွန်ဂဏန်းတွေ အများကြီးပါတဲ့ အဆင့်အတန်းမြင့်တဲ့ရှန်ဟိုင်းစာအစားတွေတောင် မတည့်ပါဘူး။
လူကြီးဖြစ်လာတဲ့အခါဆေးရုံမှာ ဓာတ်မတည့်ခြင်းသက်သာပျောက်ကင်းစေရန်အတွက်ဆေး၀ါးကုသမှုခံယူမယ်လို့တွေးထားပေမယ့်လည်း
အဖေကပြောပြခဲ့ပါတယ်။
မင်းက ဂဏန်းစားနိုင်လာတောင်မှ မိသားစုဘယ်သူမှ၀မ်းသာမှာမဟုတ်ဘူး။
တစ်နည်းအားဖြင့် အခြားမိသားစု၀င်များသည် မျှ‌ဝေမှုနည်းပါးမှုကြောင့် ယခုလက်ရှိအတိုင်းကပိုကောင်းတယ်လို့ပြောပါတယ်။
ဤကိစ္စနှင့်ပတ်သပ်၍ နှလုံးသားမရှိတဲ့ဖခင်လား ဒါမှမဟုတ် အခြားမိသားစု၀င်အတွက် စာနာထောက်ထားခဲ့တာလား။
မင်္ဂလာပွဲတွေမှာ ပုဇွန်ပန်းကန်ကိုအမြဲတမ်းအနီးနားကလူတွေကိုပေး‌ကမ်းပါတယ်။
Showa ဧကရာဇ်သည် pufferငါးကို မစားခဲ့ဘူးဟုဆိုပါတယ်။
ဧကရာဇ်မင်းသည်လည်းပဲ မစားသင့်တဲ့အစားအသောက်များရှိခဲ့ရင်ကောင်းခဲ့မယ်လို့ ပြောတဲ့စကားရှိခဲ့ပေမယ့်လည်းအမှန်တကယ်
ဟုတ်လားမဟုတ်ဘူးလားလို့သံသယတွေးမိပါတယ်။
အဲဒါကြောင့် ငယ်ငယ်တုန်းကဆူရှီကို အမြဲတမ်းလိုလိုတောင်းဆိုခဲ့ပါတယ်။
ပုစွန်နဲ့ ဂုံးကောင်တွေကို ရှောင်ဖို့ရန်အတွက်လည်းဖြစ်ပါတယ်။
သို့သော် ဆူရှီစားသောက်ဆိုင်၏ပင်လယ်ရေညှိလိပ်များသည် ဆူရှီစားသောက်ဆိုင်၏ကျွမ်းကျင်မှုကို ပြသပါတယ်။
သေးငယ်သောငါးများကိုလည်း ဆူရှီကဲ့သို့သောပြင်ဆင်မှုစွမ်းရည်ကို ပြသထားသည်ကိုလည်း တွေ့ရှိရပါတယ်။
Achillesရဲ့ဖနောင့်မဟုတ်သော်လည်း အားနည်းချက်တစ်ခုရှိတာကမကောင်းပါဘူး။
သို့ပေမယ့် ငါ့ရဲ့လျှို့ဝှက်ထားတဲ့ချို့ယွင်းချက်တွေအတွက် စိတ်မပူပါနဲ့။
ယခုတော့ဘယ်ဟာပဲဖြစ်ဖြစ်အားလုံးကို ကြိုက်နှစ်သက်ပြီးအရသာရှိသွားပါပြီ။
ဆေးရောကုသဖို့အတွက်ရော မရှိတော့ပါဘူး။
ရိုးရှင်းစွာအသက်ကြီးလာတာနဲ့အမျှ အာရုံကြောတွေ ထုံထိုင်းလာပါတယ်။
တနည်းနည်းနဲ့ စိတ်မကောင်းပေမယ့်လည်း။
အဲဒီအစား အရက်သောက်ပြီးအမြန်အိပ်ပျော်သွားပြီး အဲဒီနေရာမှာပဲမေ့မြောသွားခဲ့ပါတယ်။
ငယ်ငယ်တုန်းက ရေလိုပဲသောက်ခဲ့ပါတယ်။
အသက်ကြီးလာသည်နှင့်အမျှ အာရုံခံနိုင်စွမ်းနှေးကွေးလာပါတယ်။
လူသားတွေ ပြောင်းလဲလာပါတယ်။
ကမ္ဘာကြီး၏အဓိပ္ပာယ်မဲ့မှုကို အမည်မသိဘုရား၏လုပ်ရပ်တစ်ခုအဖြစ် လက်ခံလာခဲ့ပါတယ်။
လက်လျှော့လိုက်ရုံဖြစ်ကောင်းဖြစ်ပေမယ့်လည်း။
ထို့နောက် သေတဲ့အကြောင်းကို အရင်ကလောက်ကြောက်စရာမကောင်းတော့ပါဘူး။
သူ့အလိုလိုအသက်ရှင်နေထိုင်ခြင်းသည် နေ့စဉ်နှင့်အမျှ နာကျင်ခံစားရပါတယ်လို့ထင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
အဲဒီလိုတွေးထင်ပေမယ့်လည်း သက်ရှိသတ္တ၀ါများ၏ထောက်ပံ့မှု၊ဘုရားသခင်၏ကောင်းချီပေးခြင်း၊ကယ်တင်ခြင်းတို့ဖြစ်နိုင်ပါတယ်။
သေခြင်းတရားကိုစောင့်ကြပ်နေတယ်လို့ထင်ရတဲ့အကြောင်းရင်းလည်းပဲတခြားသူတွေရဲ့အသက်ကို စောင့်ရှောက်ခြင်းခံရတယ်ဆိုတာ
သိလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ဒီနေ့တော့ တာကာရာဇူကာနဲ့ကာဘူကီရဲ့ ခေါင်းစီးနှစ်ခုကိုကြည့်ပါမယ်။
ဝန်ထမ်းများကိုပြဇာတ်ကြည့်ရှုခြင်းပါတီတွင် ပါဝင်စေခြင်းဖြစ်ပါတယ်။
ရှေးခေတ်တုန်းကဆိုရင် စနေ၊တနင်္ဂနွေသည် တစ်ယောက်ထဲလည်းပဲသွားကြည့်မှာသေချာပါတယ်။
ယခုဝန်ထမ်းတွေနဲ့အတူတူဖြစ်တဲ့အ‌တွက်ကြောင့် ရုပ်ရှင်ရုံကိုသွားဖြစ်မယ်လို့ထင်ပါတယ်။
ကျေးဇူးကြောင့် တကယ်သွားနိုင်ပါတယ်။
အဲဒီလိုမှမဟုတ်ရင် တီဗီမှာကြည့်ရုံလောက်သာရှိပါမယ်။
ဝန်ထမ်းတွေရဲ့ကျေးဇူးကြောင့် ရုပ်ရှင်ရုံကိုသွားနိုင်ပြီး အားလုံးနှင့်အတူတူ စိတ်ခံစားချက်နက်နဲတဲ့အကြောင်းဖြစ်လာပါတယ်။
ဝန်ထမ်းတွေရဲ့ကျေးဇူးကြောင့်အသက်ရှင်နေတယ်လို့ တကယ်တွေးထင်ပါတယ်။
ယနေ့လည်းပဲအားလုံးကို ကျေးဇူးတင်ပါတယ်။ အကူအညီစောင့်ရှောက်ပေးသည့်အတွက် ကျေးဇူးတင်ပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၁ ၊သွေးသကြားဓာတ် ၁၄၀
ဒီနေ့ကပါတီပွဲ ၊ကိုစားလှယ် Koyama Yasunari