Ginza Koyama2023/01/18 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၁၈ရက် မြန်မာနိုင်ငံ၏ Koyama ကျောင်းတော်

Ginza Koyama2023/01/18 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၁၈ရက် မြန်မာနိုင်ငံ၏ Koyama ကျောင်းတော်

Koyama G သည် နှစ်စဥ်နှစ်တိုင်းအရှေ့တောင်အာရှနိုင်ငံအသီးသီးမှ နည်းပညာဆိုင်ရာအလုပ်သင် သင်တန်းသားများနှင့်အထူးကျွမ်းကျင်လုပ်သား
လူငယ်များလေ့လာသင်ယူရန် အလုပ်လုပ်ဖို့လာ‌ရောက်ကြပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းများထံ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပါတယ်။
အဲဒီအထဲကမှတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှစေလွှတ်ရေးအဖွဲ့အစည်းဦးစီးလုပ်ဆောင်တဲ့ဂျပန်ဘာသာကျောင်းတစ်ခုရဲ့ဗီဒီယိုကို ပြသခဲ့ပါတယ်။
Koyama Gရဲ့အသီးသီးသောကော်ပိုရေးရှင်းမှာ လာရောက်ရန်အစီအစဥ်ဖြစ်တဲ့ကျောင်းသားများအတွက်သာလျှင်အတန်းရှိပါတယ်။
Koyama ကျောင်းလို့ခေါ်ဆိုပါတယ်။
အဲဒီမှာ စာသင်ခန်းထဲမှာဂျပန်စကားကိုသင်ယူလေ့လာပြီး အားလုံးက Koyama G၏ကျင့်၀တ်စည်းကမ်းများကိုအသံထွက်ဖတ်စေပါတယ်။
နက်ရှိုင်းသောစိတ်ခံစားမှုတစ်ခုဖြစ်စေပါတယ်။
ဟုတ်ပါတယ်၊Koyama G၏များစွာသောအဆောက်အဦးများသည် နံနက်ပိုင်းအစည်းအ‌ဝေးမှာနေ့စဥ်နေ့တိုင်း လုပ်ဆောင်မှုလမ်းညွှန်ချက်များထဲမှ
တစ်ခုကိုဖတ်စေပါတယ်။
ကျွန်ုပ်သည် ပထမဦးဆုံးတွင်နဲနဲရှက်စရာကောင်းတယ်လို့ထင်ခဲ့ပေမယ့်လည်း ယခုမှာဂုဏ်ယူမိပါတယ်။
အလုပ်၀င်‌ရောက်သူများ၏ခံစားချက်ကိုမေးကြည့်တဲ့အခါမှာ Koyama G၏လုပ်ဆောင်ချက်လမ်းညွှန်ချက်များကို ကြိုက်နှစ်သက်ခဲ့တယ်လို့
ထင်မြင်ယူဆချက်က များပြားခဲ့ပါတယ်။
ကိုယ်တိုင်တောင်းဆိုထားသော ဆေး၀ါးကုသရေးနှင့်လူမှုဖူလုံရေးဖန်တီးခြင်းတို့ဖြစ်ပါတယ်။
မိမိ၏မိဘကိုထားချင်တဲ့ဆေးရုံ သို့မဟုတ် မိမိနေချင်တဲ့ဘိုဘွားရိပ်သာကိုဆောက်လုပ်ရအောက်ပါလို့ပြောတာကို နည်းနည်းကောင်းကောင်းပြန်ဆိုထားပါတယ်။
ယနေ့အချိန်ထိ သာမာန်ဖြစ်ရိုးဖြစ်စဥ်ဖြစ်ပေမယ့်လည်း လွန်ခဲ့သောနှစ်ပေါင်း ၃၀ မတိုင်ခင်ကဆန်းသစ်တီထွင်ခဲ့ပါတယ်။
ကျွန်ုပ်သည်လည်း လုပ်ငန်းကဒ်တစ်ကဒ်ကိုထည့်ထားပါတယ်။
တစ်ခါတစ်ရံမှာ အဲဒါကိုထုတ်ယူပြီးပြန်ကြည့်ဖတ်တဲ့အခါလည်း ရှိပါတယ်။
တစ်ခါတစ်လေမှာ ပြောင်းမယ်လို့စဥ်းစားခဲ့ပေမယ့်လည်း ထိမကြည့်ပဲဒီအတိုင်းထားထားပါတယ်။
အားလုံးကို ၀န်ထမ်းအဖွဲ့၀င်များက တစ်ခုချင်းအကြံပြုထားသောအကြောင်းအရာများဖြစ်ပြီး စုစည်းထားတဲ့အရာဖြစ်ပါတယ်။
အဖွဲ့၏၀ိညာဥ်ကို ပွတ်တိုင်စေသောစကားလုံးများကိုစာလုံးပေါင်းထားပါတယ်။
မြန်မာနိုင်ငံမှလာမည့်Koyamaလူငယ်လေးများပါ။
ပျော်ရွှင်စွာ စောင့်မျှော်နေပါတယ်။
မြန်မာနိုင်ငံနဲ့ယှဉ်ရင် ဂျပန်ကအရမ်းအေးပါတယ်။
သိုသော်လည်း Koyama G ဝန်ထမ်းတွေက နွေးထွေးပါတယ်။
နွေးထွေးသော အဆောင်ကိုပြင်ဆင်ထားပြီး စောင့်ကြိုနေပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ . ၉၉
ခန္ဓာကိုယ်အပူချိန် ၃၆.၂ ၊သွေးသကြားဓာတ် ၁၆၈
Koyama ကျောင်းမှ ကျောင်းသားကိုယ်စားလှယ် Koyama Yasunari