Ginza Koyama2023/01/14 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၁၄ရက်
ကိုလိုနာဖျားနာကုတင် လုံခြုံရေးအခကြေးငွေ

Ginza Koyama2023/01/14 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၁၄ရက်
ကိုလိုနာဖျားနာကုတင် လုံခြုံရေးအခကြေးငွေ

တိုင်းပြည်သည် ကိုလိုနာဖျားနာကုတင်လုံခြုံစေရန်အတွက် လစ်လပ်ပြီးထားသောလူနာကုတင်များကိုလည်း လုံခြုံရေးအခကြေငွေပေးဆောင်ခဲ့ပါတယ်။
အဲဒါက အလဟဿဖြစ်နေတယ်လို့ထောက်ပြခဲ့ပါတယ်။
ရလဒ်အနေနဲ့က အဲဒီအတိုင်းဖြစ်နေတယ်လို့ထင်ပါတယ်။
အရေးပေါ်အခြေအနေအတွက် အိပ်ယာကိုလစ်လပ်ထားချင်တယ်လို့စဥ်စားတာက အများဆုံးအကြောင်းဖြစ်ပါတယ်။
သို့ပေမယ့် အမှန်တကယ်လက်တွေ့မှာအဲဒီမူ၀ါဒက ကောင်းကောင်းအလုပ်မဖြစ်ပါဘူး။
ထောက်ပံ့ကြေးများလည်း အလဟဿဖြစ်သွားတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။
ယခင်က စည်ပင်အဖွဲ့ဆေးရုံမှာ လုပ်ဆောင်မှုမရှိတဲ့လူနာကုတင်တွေမှာထောက်ပံ့ကြေးပေးခဲ့ပေမယ့်လည်း အဲဒါက အသုံးမပြုတဲ့ရက်ကွက်တွေကို
ထိန်းသိမ်းထားတဲ့အကြောင်းဖြစ်လာပါတယ်။
နာမည်ကြီးဆေးရုံများတွင်လည်း ကုတင်အရေအတွက်တိုးချဲ့လို့မရပါဘူး။
ပြဿနာကတော့ ကိုလိုနာအမျိုးအစား ၂မျိုးဖြစ်ပြီး အစိုးရဆေးရုံမှာတက်ပြီးကုသဖို့ထိန်းချုပ်နိုင်ရန်ကြိုးစားနေတယ်လို့ ထင်ပါတယ်။
ဆေးရုံကုတင်နေရာလိုအပ်ချက်များကို ပြည်သူ့ကျန်းမာရေးဌာနနှင့်အစိုးရမှလျင်မြန်စွာဆုပ်ကိုင်ပြီးတိကျစွာဖြန့်ဝေပေးရန်မှာ လစ်ဘရယ်စီပွားရေးတွင်
လက်တွေ့မကျတဲ့အကြောင်းက သင်သိထားသည့်အတိုင်းဖြစ်ပါတယ်။
အစိုးရသည် အစိုးရ၀န်ဆောင်မှုကို ခန့်မှန်းချက်စီမံခန့်ခွဲမှုကိုလုပ်နိုင်တာက မူလတန်းကျောင်းသားအ‌ရေအတွက်လောက်သာဖြစ်ပါတယ်။
၅နှစ်မြောက်တွင် ပထမတန်းမူလတန်းကျောင်းသားဦးရေကို သေချာသလောက်ခန့်မှန်းလို့ရနိုင်ပါတယ်။
အဲဒီအ‌ရေအတွက်ရဲ့စာသင်ခန်းနှင့် စာသင်ခန်းကိုပြင်ဆင်တာက အလဟဿဖြစ်မယ့်အကြောင်းမရှိတော့ပါဘူး။
သို့သော်လည်း ဆေးဘက်ဆိုင်ရာလိုအပ်ချက်များ လျင်မြန်စွာပြောင်းလဲခြင်းကြောင့် မည်သူမျှခန့်မှန်းလို့မရပါဘူး။
အလုပ်လုပ်ကိုင်သည့်နေရာတွင် သဘာ၀အတိုင်းလုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပါဘူး။
အရေးပေါ်အခြေအနေမှာ လူနာကုတင်လွတ်များကို လုံခြုံအောင်ထားထားပေမယ့်လည်း ဆရာ၀န်နှင့်သူနာပြုများ၏ လူ့စွမ်းအားအရင်းအမြစ်များသည်
ဘယ်လိုလုပ်ပါမည်လဲ။
ဆေးဘက်ဆိုင်ရာ၀န်ထမ်းများကို အိမ်မှာစောင့်ခိုင်းစေတဲ့အပိုအလျှံတွေမရှိမှာသေချာပါတယ်။
ဆေးဘက်ဆိုင်ရာ၀န်ထမ်းများသည် ရှေ့တန်းမှာနေ့ရောညပါအလုပ်မလုပ်ပါက အရည်အချင်းနှင့်တိုးတက်မှုတို့ကိုထိန်းသိမ်းပြီးမြှင့်တင်နိုင်မည်မဟုတ်ပါဘူး။
အသင်းအဖွဲ့ကိုလည်း ထိန်းထားခြင်းမလုပ်နိုင်ပါဘူး။
သင်္ဘောအလွတ်တစ်စင်းကို မျှောပစ်လိုက်ရင်လည်းပဲ အစဥ်အမြဲလုံခြုံစေပြီးထူးချွန်တဲ့သင်္ဘောသားတွေကိုစဥ်ဆက်မ
ပြတ်လေ့ကျင့်ရေးကိုမလုပ်ဆောင်လျှင် သင်္ဘောကရွှေ့လျားမည်မဟုတ်ပါဘူး။
ရိန်းဂျားတပ်များနှင့်မီးသတ်သမားတွေလည်း နေ့စဥ်နေ့တိုင်းလေ့ကျင့်ပေးမှုကို မရပ်တန့်လိုက်ပါနဲ့။
သေတ္တာနှင့်လူကို တစ်ချိန်ထဲမှာလုံခြုံအောင်မထားလျှင် အဓိပ္ပာယ်မရှိပါဘူး။
လွန်ခဲ့သောနှစ် ၃၀ တွင် Ginzaရဲ့ ၇၇ ခုကုတင်ဆံ့အ‌ရေးပေါ်ဆေးရုံ၏ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
ကုတင် ၁၇လုံးသည် သီးသန့်အခန်းများဖြစ်ပါသည်။
Ginza ရှိကုမ္ပဏီကြီးတစ်ခုသည် အမှုဆောင်များအတွက် အထူးသီးသန့်အခန်း ၁ ခန်းကိုရယူရန်ကမ်းလှမ်းချက်တစ်ခုရှိခဲ့ပါသည်။
အဲဒီကုမ္ပဏီအတွက် အခန်း ၁ခန်းအလွတ်ထားပေးခဲ့ပါတယ်။
အဲဒီအခန်းခကြေးကို အတိုင်ပင်ခံကြေးအနေနဲ့လစဥ်ပေးဆောင်ရမည်ဖြစ်ပါတယ်။
၁ လကိုယန်း သောင်း ၁၀၀ ဖြစ်ပါတယ်။
တုံ့ဆိုင်းသွားပေမယ့်လည်း အဲဒါကို ငြင်းပယ်လိုက်ပါတယ်။
အသေးစားနှင့်အလတ်စားအရေးပေါ်ဆေးရုံများအနေနဲ့ အဲဒီအထူးခန်းတစ်ခန်းသည် ခွဲစိတ်မှုအပြည့်ဖြစ်သောကြောင့်ဖြစ်ပါတယ်။
ကုမ္ပဏီ၏ကျန်းမာရေးဆေးစစ်ခြင်းနှင့်အထိုင်စာချုပ်တွေအကြောင်းကိုစဥ်းစားလျှင် စိပ်တွေရှုပ်ထွေးလာပါတယ်။
ဆေးဘက်ဆိုင်ရာအရင်းအမြစ်များကို ဖြုန်းတီးခြင်းမရှိဘဲအသုံးပြုသည့်အကြောင်းအရင်းနှင့် အရေးပေါ်အခြေအနေအတွက်လိုအပ်သောအပိုအလျံကို
လုံခြုံအောင်ပြုလုပ်ခြင်းဟူသော အယူအဆကိုသဟဇာတဖြစ်ရန်မှာခက်ခဲပါတယ်။
ပရော်ဖက်ရှင်နယ်များသည် နေ့ရောညပါအလုပ်လုပ်ဆောင်ကြပြီးပထမဦးဆုံးအကြိမ်တွင် ကျွမ်းကျင်မှုတိုးတက်လာခဲ့ပါတယ်။
အလုပ်ပုံစံပြုပြင်ပြောင်းလဲမှုနှင့်ဆေးရုံကုတင်များလုံခြုံစေရေး အတွေးအမြင်များသည် ဤကမ္ဘာနှင့်လိုက်လျောညီထွေမှုမရှိဘူးလို့ထင်ပါတယ်။
ကျွန်ုပ်၏ထင်မြင်ချက်က မှန်မယ်လို့လည်းမထင်ပါဘူး။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၆ . ၉၈ . ၉၉
သာမိုမီတာ ၃၆.၅ ၊သွေးသကြားဓာတ် ၁၆၃
မြူများမကြည်လင်ပဲ မြင်နိုင်စွမ်းချွတ်ယွင်းမှု ၊ကိုယ်စားလှယ် Koyama Yasunari