Ginza Koyama2023/01/12 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၁၂ရက်
အုတ်မြစ်ချသူများ

Ginza Koyama2023/01/12 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၁၂ရက်
အုတ်မြစ်ချသူများ

မနေ့ကလည်း ဘိုးဘွားရိပ်သာအုတ်မြစ်ချခြင်းအခမ်းအနား ဖွင့်ပွဲအခမ်းအနားဖြစ်ပါတယ်။
ယခုလ ၄ ကြိမ်မြောက်ဖြစ်ပါတယ်။
တစ်လ ၄ ကြိမ်သည် ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။
အုတ်မြစ်ချခြင်းအခမ်းအနားအရေအတွက်သည် ၁ လထဲသာလျှင်မဟုတ်ပဲ ၁၂ လပိုင်းနှောင်းပိုင်းမှ ၁လပိုင်းနှစ်အစောပိုင်းရဲ့
ဒီတစ်လတာအတွင်းကို ဆိုလိုပါသည်။
မှားသွားခဲ့ပါတယ်။ပြင်ဆင်ပါမယ်။
လတွေကုန်လွန်သွားတာကို ဒီရက်ပိုင်းတွေမှာမေ့သွားပါတယ်။
ကိုလိုနာပြီးရင် အုပ်ချုပ်ရေးနဲ့ပတ်သတ်တဲ့အစီအစဥ်တွေ ပြောင်းလဲလာခဲ့တယ်လို့ထင်ပါတယ်။
လေလံဆွဲခြင်းလုပ်ငန်းစဥ်နှင့်ဆောက်လုပ်ရေးလုပ်ငန်းတို့သည်လည်း ယခင်ကနှင့်ကွဲပြားလာခဲ့ပါတယ်။
ရှေးယခင်ကထက် အချိန်ပိုကြာပါတယ်။
ဆောက်လုပ်ရေး အစီအစဥ်လည်းပဲ စီစဥ်ထားတဲ့အတိုင်းရှေ့ဆက်သွားမလားဆိုတာကို စိုးရိမ်မိပါတယ်။
ဖွင့်လှစ်မည့်ရက်ကို စီစဥ်ထားပြီးဖြစ်ပါတယ်။
အလုပ်ခန့်ထားမှု၊လေ့ကျင့်မှုနှင့်နေရာချထားမှုအတွက် နှစ်စဉ်အချိန်ဇယားကိုလည်း သတ်မှတ်ပေးထားပါတယ်။
၀င်ရောက်လာသူများကိုလည်း ဆေးရုံဆင်းခြင်း၊မိသားစုအခြေအနေများနှင့် သူနာပြုစောင့်ရှောက်ရေးအာမခံလည်းရှိပါတယ်။
ကိုလိုနာရဲ့ဘေးအန္တရာယ်ကံဆိုးမှုအောက်မှာ အစီအစဥ်များပြောင်းလဲခဲ့လျှင် များစွာဒုက္ခရောက်ပါမယ်။
ဆောက်လုပ်ရေးပုဂ္ဂိုလ်များလည်း ကိုလိုနာကူးစက်မှာကိုစိုးရိမ်နေကြပါတယ်။
ဆောက်လုပ်ရေးလုပ်နေစဥ်အတွင်း အရက်သောက်ခြင်းနှင့်ဧည့်ခံပွဲများကိုလည်း ကန့်သတ်ထားပါတယ်။
လိုအပ်ပါကKoyama Gမှ အန်တီဂျင်စမ်းသပ်ကိရိယာကို ပေးအပ်ရန်ရည်ရွယ်ထားပေမယ့်လည်း ကံကောင်းထောက်မစွာ
ယခုအချိန်ထိ ထိုသို့သောကိစ္စရပ်များမရှိခဲ့ပါဘူး။
အုတ်မြစ်ချခြင်းအခမ်းအနားတွင် အုပ်ချုပ်ရေးအဖွဲ့၊မြို့ခံအသင်းနှင့်အနီးနားရှိ ပြည်သူ့ခန်းမတို့၏ ပုဂ္ဂိုလ်များမှတက်ရောက်ခဲ့ကြပါတယ်။
ကျေးဇူးတင်ရမယ့်အကြောင်းဖြစ်ပါတယ်။
ဘုရားသခင်ထံ အဆောက်အဦးဆောက်လုပ်မှုတွင် ဘေးကင်ပါစေလို့ဆုတောင်းပါတယ်။
အဆောက်အဦး၀န်ထမ်းများ၊အသုံးပြုသူများ၊ဒေသခံပြည်သူများ၏ ကျန်းမာရေးစသည်တို့ဖြစ်ပါတယ်။
ထို့နောက် အဆောက်အဦးနှင့်ပတ်သတ်တဲ့သူအားလုံး ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။
လောဘကြီးပြီး အရာအားလုံးအတွက် ဘုရားသခင်ထံ ဆုတောင်းပါတယ်။
Koyama Gရဲ့အဆောက်အဦးအုတ်မြစ်ချခြင်းတွင် ဥက္ကဋ္ဌ ကျွန်ုပ်ကရေးခြင်းမဟုတ်ပါဘူး။
အဆောက်အဦးဖွင့်ပွဲမှာပါ၀င်ပတ်သတ်ခဲ့ကြတဲ့ အဆောက်အဦးဖွင့်တဲ့၀န်ထမ်းများအားလုံးနှင့်ယခုမှာ ဆောက်လုပ်
ရေးနှင့်ပတ်သတ်တဲ့သူအားလုံးရဲ့အမည်များကို ဘုတ်ပေါ်တွင်ရေးသွင်းပြီး ဧည့်ခန်းတွင်ပြသထားပါတယ်။
ဟုတ်ပါတယ် ဒီဇိုင်နာဗိသုကာပညာရှင်၏အမည်‌ရောပါပဲ။
ဒီစီမံကိန်း၊ဒီအဆောက်အဦးရဲ့ ရေတွင်းတူးသူများကိုဂုဏ်ပြုပြီး ထာ၀ရမှတ်မိစေရန်အတွက်ဖြစ်ပါတယ်။
သို့သော်လည်း ယနေ့ရှင်တိုဘုန်းကြီး၏နှုတ်ကပတ်တော်ကို ခံယူချိန်တွင် အဲဒါကိုစဥ်းစားမိပါတယ်။
ယခု ဤတဲထဲမှာခေါင်းငုံ့ထားပြီး ဘုရားသခင်ရဲ့တရားတော်ကိုခံယူနေသူအားလုံးသည် အုတ်မြစ်အားလုံးမှာအမည်များကိုချန်ထားချင်ပါတယ်။
အုပ်ချုပ်ရေးမှူးနှင့်မြို့ခံအသင်းအဖွဲ့ပုဂ္ဂိုလ်တို့၏ အမည်‌လည်းပဲ။
အဲဒီလိုပြင်းထန်စွာ တွေးလာခဲ့ပါတယ်။
နံပါတ် ၁ သည်ယဇ်ပုရောဟိတ်အကြီးဖြစ်ပေမယ့်လည်း ၎င်းသည် ဘုရားသခင်၏ခွင့်ပြုချက်လိုအပ်ပါတယ်။
အဲဒီလိုဆိုရင် အဆောက်အဦး၏အ၀င်ပေါက်မှာ အလှူခံပုံးမတင်ထားလို့မရပါဘူး။
ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေးဌာနနှင့်ပြည်သူ့ခန်းမဆောင်များ၏အခန်းကဏ္ဍသည် ရှေးယခင်က နတ်စင်နှင့်ဘုရားကျောင်းများတွင် ပါ၀င်ပါသည်။
ယနေ့ခေတ်ရဲ့ ဒေသ၏အုပ်ထိန်းသူ နတ်ဘုရားဖြစ်ပါတယ်။
အန္တရာယ်ကင်းသောနေရာဖြစ်ပါတယ်။
ငလျင်ဘေးအန္တရာယ်ကျရောက်ပါက ဘေးလွတ်ရာရွှေ့ပြောင်းရေးနှင့်ကယ်ဆယ်ရေးစခန်းများဖြစ်ပါတယ်။
ထိုသဘောအရ လူမှုရေးအခန်းကဏ္ဍသည်အများအားဖြင့် လေးနက်ပါတယ်။
နောက်တဖန် နှစ်စဥ်နှစ်တိုင်း ဘုရားကျောင်းကိုသွားကြည့်ရမယ်ဆိုတာ သိလိုက်ရပါတယ်။
ကျေးဇူးပြု၍ခွင့်လွှတ်ပေးပါ။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ .၉၈
ကိုယ်အပူချိန် ၃၆.၂ ၊သွေးသကြား ၁၈၆
ဘုရားသခင် ကောင်းချီးပေးပါစေ ၊ ကိုယ်စားလှယ် Koyama Yasunari