Ginza Koyama2023/01/10 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၁၀ရက်
ကိုလိုနာအတိုးမဲ့ချေးငွေပြန်ဆပ်ခြင်း ကင်းလွတ်ခွင့်

Ginza Koyama2023/01/10 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၁၀ရက်
ကိုလိုနာအတိုးမဲ့ချေးငွေပြန်ဆပ်ခြင်း ကင်းလွတ်ခွင့်

လူတစ်ဦးချင်းစီအတွက်အသက်မွေး၀မ်းကြောင်းရန်ပုံငွေ ကိုလိုနာအတိုးမဲ့ချေးငွေပြန်ဆပ်ခြင်းကင်းလွတ်ခွင့်သည်၃၀ရာခိုင်နှုန်းအထိ
မြင့်မားမည်ဟုဆိုပါတယ်။
ရိုးရှင်းသောနှိုင်းယှဉ်မှုကိုပြုလုပ်ရန်မဖြစ်နိုင်သော်လည်း ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေးဌာနသို့ အတိုးမဲ့ချေးငွေများကိုလည်း
လာမည့်ဘဏ္ဍာနှစ်မှပြန်ဆပ်ခြင်း စတင်မည်ဖြစ်ပါသည်။
ဆေးရုံများနှင့်ဘိုးဘွားရိပ်သာများကိုလည်း ပြန်ဆပ်ခြင်းမလုပ်နိုင်တာက ဘယ်နှစ်ရာခိုင်နှုန်းလောက်ပါလဲဆိုတာ ထွက်ပေါ်လာပါမယ်။
မြို့ပြများရှိဆေးရုံများနှင့်လူမှုဖူလုံရေးဌာနများသည် အိမ်ခြံမြေတန်ဖိုးမြင့်မားလာမှုကြောင့် လည်ပတ်မှုမှာအနီရောင်ဖြစ်နေသော်လည်း
လုပ်ငန်းအရင်းအနှီးများအတွက် ချေးယူနိုင်ပါတယ်။
သို့သော်လည်း ကိုလိုနာကြောင့်အနီရောင်ဆက်တိုက်ဖြစ်နေသော်လည်း အဲဒီအနီရောင်ကတိုးပွားလာပါတယ်။
ကိုလိုနာကအပြီးဆုံးသေးဘဲ အတိတ်ကအမြတ်အစွန်းကိုပြန်ရောက်မလာပါဘူး။
အဲဒီလိုအခြေအနေမျိုးမှာ ဘဏ်များသည်ချေးပေးမည်မဟုတ်ပါဘူး။
ပြည်သူ့ချေးငွေများကိုပြန်ဆပ်ရန်ကင်းလွတ်ခွင့် သို့မဟုတ် ရွှေ့ဆိုင်းပေးဖို့‌တောင်းဆိုရုံကလွဲလို့ မရှိဘူးလို့ထင်ပါတယ်။
ဆေးဘက်ဆိုင်ရာအသင်း သို့မဟုတ် ဆေးရုံအသင်းအဖွဲ့တို့မှရည်ရွယ်ချက်ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိပါဘူး။
လူမှုရေးအသင်းအဖွဲ့သည် ဘယ်လိုစဥ်းစာနေပါလဲ။
တိုကျိုနှင့်ကျေးလက်ဒေသများတွင် အခြေအနေကတော်တော်ကွဲပြားတယ်လို့ထင်ပါတယ်။
အဲဒီနေရာမှာ ဒေသခံအစိုးရတွေဆီကအတိုးမဲ့ချေးငွေများကို စဥ်စားစေချင်တယ်လို့ထင်ပါတယ်။
အနီရောင်ပြနေသော လုပ်ငန်းအရင်းအနှီးအတွက်ချေးငွေများသည်အရေးကြီးပေမဲ့လည်း ဒီအခွင့်အရေးကိုအဆောက်အဦးဟောင်းများကို
ပြန်လည်တည်ဆောက်ရန်အတွက် အဆောက်အဦးထောက်ပံ့ကြေးသည်လည်းဘယ်လိုပါလဲ။
ဆေးရုံများနှင့်အထူးဘိုးဘွားရိပ်သာနှစ်ခုလုံးသည်လည်း အားလုံးအရင်းအနှီးမရှိသောကော်ပိုရေးရှင်းများသည် တိုင်းပြည်၏မူလပိုင်ဆိုင်မှုများဖြစ်ပါသည်။
ရင်းနှီမြှုပ်နှံမှု၊အရင်းအနှီးထိုးသွင်းခြင်းဟု စဥ်းစားလျှင်လည်းကောင်းပါတယ်။
ပြည်သူ့ဆေးရုံများ၊ကျောင်းများနှင့်မူကြိုကျောင်းများ ပြန်လည်တည်ဆောက်ရေးအတွက် အခွန်ငွေပေးဆောင်ခြင်းမဟုတ်ပါလား။
ညီမျှမှုမရှိသောပုဂ္ဂလိကကော်ပိုရေးရှင်းများ ပြန်လည်တည်ဆောက်ရေးအတွက်လည်း အများသူငှာထောက်ပံ့ငွေများ ပံ့ပိုးပေးလျှင်ကောင်းမယ်လို့ထင်ပါတယ်။
ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်‌ရှောက်ရန်အတွက် အမြောက်အမြားအစိုးရငွေချေးစာချုပ်များထုတ်ပေးပါကကောင်းပါမည်။
နိုင်ငံတော်ပိုင်ဆိုင်မှု၏တစ်ခုဖြစ်တဲ့အတွက်ကြောင့် ငွေကြေးဒေ၀ါလီခံမည်မဟုတ်ပါဘူး။
ထိုကဲ့သို့သော သီအိုရီသဘောတရားသည် လတ်တလာခေတ်ရေစီးကြောင်းမဟုတ်ပါလား။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၇ . ၉၇ . ၉၇
ခန္ဓာကိုယ်အပူချိန် ၃၆.၃ ၊ ဒီဂရီ သွေးသကြားဓာတ် ၁၅၀
အချိန်မီငွေပေးချေရန် သတိပေးချက် ၊ ကိုယ်စားလှယ် Koyama Yasunari