Ginza Koyama2023/01/02 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၂ ရက်

Ginza Koyama2023/01/02 နေ့စဥ်မှတ်တမ်း ၁ လပိုင်း ၂ ရက်

အပြန်အလှန်ကူညီရေးခေတ်

နှစ်သစ်ကူးအကြိုနေ့တွင် တီဗီနဲ့အင်တာနက်မှာဆွေးနွေးပွဲစားပွဲ၀ိုင်းရဲ့လူမူရေး‌ဝေဖန်ချက်အစီအစဥ်ကို ကြည့်ခဲ့ပါတယ်။

ထင်တဲ့အတိုင်း ဂျပန်ရဲ့အနာဂတ်ကိုအဆိုးမြင်တဲ့ပညာရှင်နဲ့ဝေဖန်ရေးဆရာတွေ အများကြီးရှိပါတယ်။

ယူကရိန်းစစ်ပွဲ၊ VIP သမားများ၏အကြမ်းဖက်မှု၊ကိုလိုနာဆုတ်ယုတ်မှု၊ငွေကြေး‌ဒေ၀ါလီခံခြင်းတို့ဖြစ်ပါသည်။

ပထမကမ္ဘာစစ်မတိုင်မီကာလနှင့်အလွန်ဆင်တူပါတယ်။

ဂျပန်နိုင်ငံရဲ့စီးပွားရေးကျဆင်းမှုသာမက ကမ္ဘ့စီးပွားရေးကျဆင်းမှုလည်းဖြစ်ပေါ်လာနိုင်ပါသည်။

ကျွန်ုပ်လည်း အဲဒီလိုထင်မြင်မိပါတယ်။

သမိုင်းကိုပြန်ကြည့်လျှင် ကွဲပြားမတူညီသောမျက်နှာနှင့်ဖြစ်ပါတယ်။

သီချင်းသည်လည်းတေးသွားအသစ်များဖြင့် ပြန်လည်အသက်၀င်လာပါတယ်။

ကျွန်ုပ်သည်သီးခြားသမိုင်းပညာရှင်မဟုတ်သည့်အတွက် ယခုနှစ်လည်းပဲKoyama Gကဘယ်လိုအသက်ရှင်ကျန်ရစ်မလဲ

ဆိုတာကိုညည်းတွားနေပါတယ်။

ဂျပန်နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် စနစ်ကျသောပင်ပန်းနွမ်းနယ်မှုဖြစ်ပါတယ်။

ဂျပန်နိုင်ငံ၏စိုက်ပျိုးရေးနှင့်ပညာရေးကဲ့သို့ပင် အနာဂတ်သည်မတောက်ပပါဘူး။

လောကီပညာရှင်များနှင့်အတူ ခွဲခြမ်းစိတ်ဖြာခြင်းကို ကျွန်ုပ်လည်းသိနေပါတယ်။

အဲဒီပညာရှင်နှင့်ကြိုတင်ခန့်မှန်းချက်မှာ စီမံခန့်ခွဲသူတစ်ယောက်အနေနဲ့ဘယ်လိုထိန်းကျောင်းမလဲ။

ကိုလိုနာရဲ့ကြမ်းတမ်းတဲ့မုန်တိုင်းများကြားမှာ နောက်ဆုံးတော့တိုင်ဖွန်းမုန်တိုင်းတစ်ခုလာနေပြီးလို့ ကြိုတင်ခံစားရပါတယ်။

တိုင်းပြည်ရဲ့ငွေကြေးပြဿနာကြောင့် ဘတ်ဂျတ်ဖြတ်တောက်ခံရပါတယ်။

ဒေသဆိုင်ရာအစိုးရအုပ်ချုပ်မှုတွင် အသိပညာနှင့်အတွေ့အကြုံရှိသော လူ့စွမ်းအားအရင်းအမြစ်သည်လည်းလုံလောက်မှုမရှိပါဘူး။

မီဒီယာများသည်လည်း အစိုးရရုံးထုတ်ပြန်တဲ့ကြေညာချက်အတိုင်းပဲဖြစ်ပါတယ်။

လူငယ်များသည်စွမ်းအားမရှိကြပဲ သက်ကြီးရွယ်အိုများသည် လက်ရှိအနေအထားကိုတွယ်ကပ်ရန်အပြင်မရှိကြပါ။

နိုင်ငံတော်၏ပြည်သူ့အကူအညီသည်လည်း တစ်ဦးချင်းစီ၏မိမိကိုယ်ကိုကူညီအားကိုးရန်မှာခက်ခဲပါတယ်။

တစ်ဦးချင်းမိမိကိုယ်ကိုကူညီခြင်းသည် မိသားစုဆွေမျိုးများရဲ့အပြန်အလှန်အကူအညီထောက်ပံ့မှုလိုအပ်ပါတယ်။

ယနေ့ခေတ်နှင့်အနာဂတ်တွင်လည်း မိသားစုဆွေမျိုးများကိုအားကိုးနိုင်သည့်သူမှာရှားပါးပါတယ်။

အပြန်အလှန်အကူအညီပေးခြင်းသည် ဥရောပနှင့်အမေရိကဘာသာရေး၊ဘုရားကျောင်းနှင်စေတနာ့၀န်ထမ်းများဖြစ်နိုင်ပါတယ်။

ယနေ့ဂျပန်နိုင်ငံတွင် အဲဒီဟာကိုအစားထိုးရန်မှာမရှိပါ။

လွန်ခဲ့သောရာစုနှစ်တစ်၀က်လောက်ရဲ့ဂျပန်နိုင်ငံမှာဆိုရင် အစိုးရရုံးနှင့်ကုန်မ္ပဏီကြီးတွေရဲ့လူမူဖူလုံရေးများသည် အဲဒါကို

တာ၀န်ရှိတယ်လို့ထင်မြင်မိပါတယ်။

ယခုမှာ ကုမ္ပဏီကြီးများသည်ထိုသို့သောကြင်နာမှုနှင့်လွတ်လမ်းရှိမည်မဟုတ်ပါဘူး။

အများပိုင်လုပ်ငန်းများတွင် လူမှုဖူလုံရေးလုပ်ငန်းများသည်လည်း ယခုမှစပြီးပုဂ္ဂလိကပိုင်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

ထို့ကြောင့် လူမှုဖူလုံရေးပုဂ္ဂလိကပိုင်လုပ်ငန်းများအနေနဲ့ Koyama Gသည်၀န်ထမ်းတွေရဲ့လူမှုဘ၀ကိုထောက်ပံ့ကူညီပေးရပါမည်။

အဲဒီအတွက် မိတ်ဆွေများ၊အလုပ်များကိုတိုးပွားစေပြီး အမြတ်အစွန်းကိုလည်းတိုးပွားစေမည်ဖြစ်ပါသည်။

ထို့နောက် အရင်းအနှီးလုပ်ငန်ထဲကိုထည့်သွင်းခြင်းဖြစ်ပါတယ်။

ယခုမှစ၍လည်း ၀န်ထမ်းများအတွက်ကျန်းမာရေးစောင့်‌ရှောက်မှု၊ကလေးထိန်းနှင့်အိမ်ရာများ အားလုံးကိုသုံးစွဲမှာဖြစ်ပါတယ်။

သင်္ဘောသည် ဆိပ်ကမ်းကိုပြန်လှည့်လာပါတယ်။

ရဲတိုက်ရဲ့ကျောက်နံရံကိုမြင့်အောင်ပြုလုပ်ပါ။

မုန်တိုင်းနီးကပ်လာပါပြီ။

သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ . ၉၉

ခန္ဓာကိုယ်အပူချိန် ၃၆.၃ ၊ သွေးသကြားဓာတ် ၁၆၁

Ginza မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ၊ ကိုယ်စားလှယ် Koyama Yasunari