Ginza Koyama2022/12/30 နေ့စဥ်မှတ်တမ်း ၁၂ လပိုင်း ၃၀ရက်

Ginza Koyama2022/12/30 နေ့စဥ်မှတ်တမ်း ၁၂ လပိုင်း ၃၀ရက်

ပိုကောင်းလာမယ်ဆိုတဲ့ကြိုတင်ခံစားချက်

စီမံခန့်ခွဲသူမန်နေဂျာတစ်ယောက်အနေနဲ့ ကျွန်ုပ်စိတ်ချမ်းသာပျော်ရွှင်မှုကိုခံစားနေချိန်မှာ အဆောက်အဦးတိုးတက်ကောင်းမွန်လာမယ်ဆိုတဲ့

ခံစားချက်ကိုကြိုတင်ခံစားတဲ့အချိန်ဖြစ်ပါတယ်။

ပိုကောင်းလာခြင်းသည် သဘာ၀ဖြစ်တဲ့အတွက်ကြောင့် စိတ်ခံစားချက်ကအဲဒီလောက်သိပ်မရှိပါဘူး။

အဲဒါထက် ဒီအဆောက်အဦးကပိုကောင်းလာတာက ဒီလူငယ်တာ၀န်ခံကတိုးတက်လာပြီး သေချာပေါက်မန်နေဂျာတစ်ယောက်အနေနဲ့

ကြီးထွားလာမယ်ဆိုတာမမှားပါဘူး။

ဟုတ်ပါတယ်၊ကြိုတင်မှန်းနိုင်တဲ့ခံစားချက်က အကြီးမားဆုံးပါပဲ။

မျှော်လင့်ခြင်းလွန်ကဲမှု၏စိတ်ခံစားချက်က ဦးနှောက်ထဲမှာ Dopamineကိုထုတ်လွှတ်ထားတယ်လို့ထင်မိတယ်။

ထို့ကြောင့် နေ့တိုင်းအားကြိုးမာန်တက်စီမံခန့်ခွဲမယ်လို့ထင်ပါတယ်။

တိုကျိုမှာရှိတဲ့မူကြိုကျောင်းများ၏ ဒေသဆိုင်ရာအကဲဖြတ်မှုအဆင့်သတ်မှတ်ခြင်းတွင် ထိပ်တန်း ၅ နေရာဖြစ်ပါသည်။

ဒီလောက်နဲ့လဲ လုံလောက်ကျေနပ်ပျော်ရွှင်ပါတယ်။

ယခုနှစ်တွင် ရှေးရိုးစွဲ၀န်ထမ်းများကိုထိပ်တိုက်ရင်ဆိုင်ပြီး ဟောင်းနွမ်းညစ်ပေနေတဲ့အဆောက်အဦး၏အပြင်ပန်းမှ၀င်ပေါက်ဧရိယာနှင့်အိမ်သာကို

လင်းလက်တောက်ပြောင်အောင် ပြန်လည်ပြုပြင်မွမ်းမံထားပါတယ်။

အိမ်ခြံ၀န်းထဲတွင်လည်း ကစားကွင်းသုံးပစ္စည်းကိရိယာများကို ထပ်မံထည့်ထားပါတယ်။

ဒီနှစ်ရဲ့ရလဒ်လို့ ထင်ပါတယ်။

စွမ်းရည်များကိုခွဲဝေလည်းပဲ မိမိကိုယ်မိမိအသိဉာဏ်မရှိသောအမှုဆောင်များနှင့်ထိပ်တိုက်တွေ့ပြီး ပြုပြင်ပြောင်းလဲမှုများဖြင့်ရှေ့သို့ဆက်လာခဲ့ပါတယ်။

အဲဒီ၀န်ထမ်းများရဲ့အသိစိတ်ကို ပြုပြင်ပြောင်းလဲပြီးတော့ကြိုးစာအားထုတ်မှုရဲ့ရလဒ်လို့ထင်မြင်မိပါတယ်။

လုပ်ငန်းစီးပွားရေးအသစ်များရဲ့ ပြင်ဆင်မှုများကိုလုပ်ဆောင်လျက်ရှိပါသည်။

လာမည့်နှစ်အတွက် ပိုင်းခြားနိုင်စွမ်းရှိတဲ့စွမ်းရည်များကိုဖူလုံစေပြီး နောက်ထပ်ဒေသဆိုင်ရာအဆင့်သတ်မှတ်ချက် ၅ ထက်ကျော်လွန်ချင်ပါတယ်။

အဲဒီအရာက အပြည့်အ၀ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ချေရှိရပါမယ်။

လူငယ်အုပ်ချုပ်ရေးစနစ်သည် အခက်တွေလိမ့်မည်ဖြစ်သော်လည်း ‌ရပ်ရွာဒေသ၏အသံများကိုနားထောင်ပြီးအဆောက်အဦးကိုမြှင်တင်ပေးရပါမည်ဖြစ်ပါတယ်။

နှစ် ၄၀သက်တမ်းရှိသော လက်ရှိစီမံခန့်ခွဲ‌ရေးမန်နေဂျာတစ်ဦး၏အတွေ့အကြုံခံစားမှုတစ်ခုဖြစ်ပါတယ်။

နောက်နှစ်အတွက် လင်းလက်တောင်ပတဲ့ခံစားမှုမျိုးကိုရချင်ပါတယ်။

နောက်နှစ်မှစ၍ မူကြိုကျောင်း၀င်ခွင့်မှာ ၄ လပိုင်းအပြင် အခြားဘယ်နှလပိုင်းပဲဖြစ်ဖြစ်စာရင်းသွင်းနိုင်ပါတယ်။

မူကြိုကျောင်းများသည် ၄ လပိုင်းမှလွဲ၍ ၀င်ခွင့်မလုပ်နိုင်တဲ့အကြောင်းမှာ ဘိုးဘွားရိပ်သာ၏စီမံခန့်ခွဲသူများအနေနဲ့ထူးဆန်းပါတယ်။

မူလတန်းကျောင်းနှင့်သူငယ်တန်းကျောင်းဆိုရင် မသေချာသေးပါဘူး။

လူမှူဖူလုံရေးသည် ၂၄ နာရိ ၃၆၅ ရက်ဖြစ်ပါတယ်။

အရေးပေါ်ဆေးရုံကို စီမံကွပ်ကဲမှုဖြင့်စတင်ခဲ့ကျွန်ုပ်အနေနဲ့ကတော့ သာမာန်တစ်ခုဖြစ်ပါတယ်။

Koyama G အနေနှင့်လည်း သာမာန်သဘာ၀တစ်ခုဖြစ်ပါတယ်။

ဘေးဥပါဒ်တုံ့ပြန်မှုတွင်လည်း အလားတူပင်ဖြစ်ပါတယ်။

အသက်ရှင်နေသရွေ့ တိုက်ပွဲအတွက်အဆင်သင့်ရှိနေမှာပါတယ်။

အနည်းဆုံးတော့ မန်နေဂျာများ၊အုပ်ချုပ်ရေးမှူးများဖြစ်ပါတယ်။

အဲဒီလိုမှမဟုတ်ရင် လူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကယ်တင်တဲ့အလုပ်ကိုလုပ်ရန်အတွက်အရည်အချင်းမပြည့်မီပါဘူး။

သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ . ၉၈

ခန္ဓာကိုယ်အပူချိန် ၃၆.၅  ဒီဂရီ ၊ သွေးသကြားဓာတ် ၂၆၈ ၊ညဘက် ဆိုဘာခေါက်ဆွဲ၏ပေါက်ကွဲမှု

ဆောင်းရာသီအတွက် ပြင်ဆင်မှု၊ ကိုယ်စားလှယ် Koyama Yasunari