Ginza Koyama2022/12/24 နေ့စဥ်မှတ်တမ်း ၁၂ လပိုင်း ၂၄ရက်

Ginza Koyama2022/12/24 နေ့စဥ်မှတ်တမ်း ၁၂ လပိုင်း ၂၄ရက်

ပြက္ခဒိန်ကို လှန်လိုက်ပါ

ကျွန်ုပ်သည် ပြက္ခဒိန်ကိုကြိုက်နှစ်သက်ပါတယ်။

အိပ်ခန်းကကုတင်နံရံပေါ်မှာ ၃ခုတန်းစီးထားပါတယ်။

၃လတာရဲ့အစီအစဥ်အချိန်ဇယားကို မနက်တိုင်းကြည့်ပါတယ်။

အားလုံး ကုမ္ပဏီအသီးသီးမှလက်ခံရရှိသောအရာများသာဖြစ်ပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီကနေ လက်ခံရရှိတဲ့အရာတေကများပါတယ်။

မျှော်လင့်ထားသည့်အတိုင်း၊အားကောင်းပြီး၊ကြီးမားပါတယ်။

အားကစားနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေက အတွင်းရေးမှူးထံပို့ပေးပါတယ်။

အမှန်တကယ်က၊နှစ်စဥ်နှစ်တိုင်း၊အမြောက်အမြားလှူဒါန်းမှုပြက္ခဒိန်တွေကိုစုဆောင်းပါတယ်။

မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနများသို့ ဖြန့်ဖြူးရန်အတွက်ဖြစ်ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် အိထောင်စု ၆၀ စာလောက်လိုချင်ပါတယ်။

ယခုတလော၊ငွေကြေးကုန်ကျမည့်ပြက္ခဒိန်ကို ဖန်တီးသည့်ကုမ္ပဏီအရေအတွက် လျော့နည်းသွားပါတယ်။

ပြက္ခဒိန်သမားတစ်ယောက်အနေနဲ့ အထီးကျန်သလိုခံစားရပါတယ်။

အဲဒီလိုပြောရင်၊မိမိကိုယ်တိုင်ဖန်တီးပြီး ဖြန့်‌ဝေဖို့အပြောခံရဖို့များပါတယ်။

အမှန်တကယ်တော့၊ Koyama G မှာအထူးအကြံဉာဏ်တစ်ခုရှိပါတယ်။

လာမည့်နှစ်တွင် Koyama G နှစ်၄၀ပြည့်အထိမ်းအမှတ်အဖြစ် ပရော့ဂျက်တစ်ခုဖြစ်ပါတယ်။

Koyama အဆောက်အဦးတည်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ရှု့ခင်းများနှင့်ဒေသထွက်ကုန်များ၏

ဓာတ်ပုံများပါရှိသောပြက္ခဒိန်များဖြစ်ပါတယ်။

စည်ပင်သာယာရေးအဖွဲ့အသီးသီး၏ ခရီးသွားပ်ငန်းပူးပေါင်းဆောင်ရွက်မှုဖြင့် အကြံပြုချက်ရယူပေးပါ။

မွေးရပ်မြေအခွန်ပေးဆောင်မှု၏ ကုန်ပစ္စည်းဓာတ်ပုံများမှာလည်းကောင်းမွန်ပါသည်။

Koyama ၏အဆောက်အဦးဓာတ်ပုံစုဆောင်းမှုမှာ ဘယ်လိုပါလဲ။

အဲဒါကို ရှောင်ကြရအောင်ပါ။

ကျွန်ုပ်တို့က နာမည်ကြီးနေဖို့မလိုအပ်ပါဘူး။

ကျွန်ုပ်တို့၏နေထိုင်တဲ့ပတ်၀န်းကျင်မြို့ကလှပတယ်ဆိုတဲ့အကြောင်း လူတွေကိုသိစေချင်ပါတယ်။

Koyama G ၏ အဆောက်အဦများသည် လူမှုဖူလုံရေးဌာနတစ်ခုတည်းပင်မဟုတ်ပါဘူး။

ခရီးသွားလုပ်ငန်းဌာနတွင်လည်း ပါဝင်ပါတယ်။

တိုကျိုမြို့မှာဒေသထွက်ကုန်ပစ္စည်းပြပွဲတစ်ခုရှိတဲ့အခါ၊သေချာပေါက်သွားပြီးကုန်ပစ္စည်းတွေကိုဝယ်ပါမည်။

ထို့နောက်၊တိုကျိုရှိဝန်ထမ်းများအား ဖြန့်ဝေပေးပါမည်။

Ginza မှာရှိတာကြောင့်၊ဂျပန်နိုင်ငံတစ်၀ှမ်းမှ အရသာများကိုမြည်းစမ်းခံစားနိုင်ပါသည်။

လမ်းများအားလုံးသည် ရောမ မဟုတ်ပဲ Ginza သို့ ဦးတည်ပါတယ်။

ထို့နောက်၊ Koyama၏၀န်ထမ်းများသည် Ginza မှာစုဝေးနိုင်မည့်နေ့‌ရောက်လာမယ်လို့ မျှော်လင့်မိပါတယ်။

အဲဒီနေ့မတိုင်ခင်အထိ ဒီဆောင်းရာသီမှာ ကိုလိုနာဆောင်းရာသီကို သည်းခံစေချင်ပါတယ်။

ကျွန်ုပ်ဒီနေ့လည်းပဲ အန်တီဂျင်စမ်းသပ်မှုပြုလုပ်ပြီး၊ကျည်ဆန်ရထားစီးပါမယ်။

ဒီတပတ်အတွင်း ၂ကြိမ်မြောက်အုတ်မြစ်ချဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရန် ဖူကူရှီးမားသို့ဦးတည်သွားပါမည်။

နှင်းတွေထူထပ်စွာနဲ့ အေးပုံရပါတယ်။

ဒီနှစ်မှာပထမဆုံး ကုတ်အင်္ကျီဝတ်ပါမယ်။

သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၉ . ၉၈

ခန္ဓာကိုယ်အပူချိန် ၃၆.၆ ဒီဂရီ ၊သွေးသကြားဓာတ် ၂၅၇

မြောက်ဘက်ပိုင်းအပြန်ခရီး ၊ ကိုယ်စားလှယ် Koyama Yasunari