Ginza Koyama2022/12/17 နေ့စဥ်မှတ်တမ်း ၁၂လပိုင်း ၁၇ရက်

Ginza Koyama2022/12/17 နေ့စဥ်မှတ်တမ်း ၁၂လပိုင်း ၁၇ရက်

ကျွန်ုပ်၏လျှို့၀ှက်ချက်နှင့်ကျန်းမာရေးအချက်အလက်

မနေ့က ၅ကြိမ်မြောက်ကိုလိုနာကာကွယ်ဆေးထိုးနှံမှုလည်းအောင်မြင်စွာပြီးဆုံးခဲ့ပြီး၊နာကျင်မှုမရှိပဲသက်သောင့်သက်သာရှိခဲ့ပါတယ်။

ပတ်၀န်းကျင်မှအမြဲတမ်း ကျန်းမာရေးအခြေအနေကိုစိတ်ပူပေးကြပါတယ်။

ပင်ပန်းလာလျှင် အစည်းအဝေးမှာစိတ်ခံစားမှုများအတက်အကျပိုမိုပြင်းထန်လာမယ်လို့ထင်ရပါတယ်။

ညနေပိုင်း‌ရောက်လာလျှင် မျက်နှာရဲ့အရောင်ကပြောင်းလဲလာတယ်လို့ပြောပါတယ်။

ဟုတ်ပါတယ်၊အဲဒါဖြစ်မှာပါ။

ဘယ်လောက် Zoomတွင်လည်းပဲ၊ တစ်နေ့ကို ၇ကြိမ်ဘုတ်အဖွဲ့အစည်းအဝေးများရှိခဲ့လျှင် ဒေါသစိတ်တွေရောက်လာပါတယ်။

ကျွန်ုပ်၏ဖွဲ့စည်းပုံအခြေခံသည် ငယ်ရွယ်စဥ်အချိန်ကသွေးပေါင်ချိန်လျော့နည်းပါတယ်။

အဖေကနေ့တိုင်းသွေးတိုးရောဂါခံစားနေရပြီး၊ဆေး၀ါးအမျိုးစား၁၀မျိုးကိုသောက်နေရပါတယ်။

ကျွန်ုပ်သည် ဆေးအလွန်အကျွန်သောက်မိမှာကို စိုးရိမ်ခဲ့ပါတယ်။

အသက်အရွယ်ရလာရင် မြင့်တက်လာပေမယ့်လည်းတည်ငြိမ်မှုရှိမယ်ဆိုရင်ကောင်းမယ်လို့ အဖေကိုယ်တိုင်ပြောခဲ့ပေမယ့်လည်း အဖေရဲ့သွေးပေါင်ချိန်ကိုဆေး၀ါးနဲ့ထိန်းချုပ်ဖို့

ကြိုးစားခဲ့ပါတယ်။

ကျွန်ုပ်သည် ငယ်ရွယ်စဥ်ကတည်းက သွေးခုန်နှုန်းမြန်ပြီးပုံမမှန်ပါဘူး။

စိတ်ပူပြီးနှလုံးသွေးကြောဆိုင်ရာဆေးရုံမှာ ဆေးစစ်မှုခံယူပြီးဆေးရုံတက်ခဲ့ဘူးပါတယ်။

ရလဒ်အနေနှင့်နေ့အချိန်တွင်သွေးခုံနှုန်းမြန်ပြီး၊ညအချိန်တွင်နှေး‌ကွေးပြီး တစ်နေ့လျှင်စုစုပေါင်းသွေးခုန်နှုန်း၏ပျမ်းမျှသည် ပုံမှန်ဖြစ်ပါတယ်။

တစ်နည်းဆိုရသော် စိတ်ပူစရာမလိုသော ရောဂါလက္ခဏာတစ်ခုဖြစ်ပါသည်။

အသက်ရှင်သောလူ့ခန္ဓာကိုယ်စဥ်ဆက်မပြတ်ပြောင်းလဲမှု။

တစ်နေရာရာမှာ လူ့ခန္ဓာကိုယ်ဟာ ဟန်ချက်ညီနေရပါမယ်။

ထို့နောက်၊နံပါတ် ၁ စိုးရိမ်စရာကတော့ သွေးတွင်းသကြားဓာတ်ပါ။

ဘယ်ဘက်လက်မောင်းတွင် သေးငယ်သောအပ်ငယ်တစ်ချောင်းရှိပြီး Libre ဟုခေါ်သော သွေးဂလူးကို့စ်မီတာကိုအသုံးပြုပါသည်။

၁နာရီတိုင်းတွင် မကြာခဏတိုင်းပါတယ်။

သာမိုမီတာထက် ပိုလွယ်ပါတယ်။

၂၀၀အောက်ကျရင် အစာစားပေးပြီး၊ ၂၅၀ အထက်ဆိုရင်သရေစာများလည်းရှောင်ကြဥ်ပါ။

ကံမကောင်းစွာပဲ၊၁၀၀အောက်တော့ဖြစ်မလာပါဘူး။

အမြဲတမ်း ကျွန်ုပ်အိတ်ကပ်ထဲမှာသကြားရှိနေသလိုပါပဲ။

အခု၊ဒီမနက်မှာဘယ်လိုမျိုးဂဏန်တွေတွေ့ပါလဲ။

အိုး ၂၂၀ ပါ။

မနေ့ညက ဆိုဘခေါက်ဆွဲ၂ ပကန်နှင့် La France နဲ့ ပန်းသီးတစ်လုံးကသွေးထဲမှာ ရှိနေပါသေးတယ်။

သို့သော်၊သွေးတိုးရောဂါ၊ သွေးခုန်နှုန်းမြန်ခြင်းနှင့်သွေးတွင်းသကြားဓာတ်များခြင်း သည်မန်နေဂျာများ၏လုပ်ငန်းခွင်ဆိုင်ရာရောဂါများဖြစ်ပါသည်။

အတင်းနှိမ့်ချဖို့ ကြိုးစားရင် အသက်တိုသွားသလို ခံစားရပါတယ်။

ဤအရာများသည်ဟန်ဆောင်သီအိုရီတစ်ခုပါ။

ကျန်းမာရေးကောင်းချင်ပါတယ်။

အရသာရှိတဲ့အရာတွေစားချင်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ပဲနဲ့။

သွေးခုန်နှုန်းအောက်ဆီမီတာ ၉၆ . ၉၇ . ၉၈

သွေးသကြားဓာတ် ၂၂၀ ၊ ခန္ဓာကိုယ်အပူချိန် ၃၆.၄ ဒီဂရီ

စည်းကမ်းမဲ့သော သက်ရှိပုဂ္ဂိုလ် ၊ကိုယ်စားလှယ် Koyama Yasunari