Ginza Koyama2022/12/11 နေ့စဥ်မှတ်တမ်း ၁၂လပိုင်း ၁၁ရက်

Ginza Koyama2022/12/11 နေ့စဥ်မှတ်တမ်း ၁၂လပိုင်း ၁၁ရက်

ရာသီအလိုက်သတင်းများ

Koyama G ၏မူကြိုကျောင်းတွင်၊မိခင်နှင့်ကလေးအထောက်အကူပြုဂေဟာအဖွဲ့သို့ သစ်သီးအမြောက်အမြားပေးပို့ခဲ့ပါတယ်။

Fukushima မှတည်သီးများ။

Yamagata မှစတော်ဘယ်ရီသီး။

ကလေးများသည် အသီးအနှံတွေကိုနှစ်သက်ကြပါတယ်။

မူလတန်းကျောင်းသားဘ၀ရဲ့Yasunariကောင်းကလေး၏အမှတ်တရမှာ အဖေကခရီးပြန်လက်ဆောင်အနေနဲ့၀ယ်ခဲ့တဲ့ ငှက်ပျောသီးနှင့်ဖရုဲသီးဖြစ်ပါတယ်။

ဆောင်းရာသီက လိမ္မော်သီးများ။

စျေး၀ယ်လမ်းထဲကနေ ၀ယ်လာခဲ့ပါတယ်။

အဲဒီခေတ်တုန်းက၊တန်ဖိုးကြီးတဲ့အမှတ်တရလက်ဆောင်ပစ္စည်းဖြစ်ပါတယ်။

ညီအစ်ကိုတွေနဲ့ အိမ်အ၀င်၀မှာအဖေ့ကိုပွေ့ဖက်ခဲ့ကြတာကို သတိရမိပါတယ်။

အခုမှာတော့၊ငှက်ပျောသီးအစား ထမင်းဆုပ်ဖြစ်လာပြီး၊စတိုးဆိုင်တွေမှာ၀ယ်လို့ရတဲ့မနက်ခင်းစားဖြစ်လာပါတယ်။

သခွားမွှေးသီးလည်း၊စတိုးဆိုင်တွေမှာ၀ယ်လို့ရတဲ့စိတ်ထားတဲ့အသီးအနှံဖြစ်လာပါတယ်။

ဒေသဆိုင်ရာအထူးထွက်ကုန်ဖြစ်တဲ့ သတော်ဘယ်ရီ၊သခွားမွှး၊တည်သီးများ၏စျေးနှုန်းလည်းမြင့်တက်လာပါတယ်။

ဟုတ်ပါတယ်၊သိသိသာသာအရသာက ပိုကောင်းမယ်လို့ထင်တယ်။

သစ်သီးကို ခွဲစိတ်ပြီးမိသားစုနှင့်အတူခြံထဲမှာစားသုံးတာက နည်းပါးလာပါတယ်။

အထီးကျန်ခြင်းနှင့်အထီးကျန်တစ်ယောက်ထဲစားသုံးခြင်းရဲ့ ခေတ်ကာလဖြစ်လာခဲ့ပါတယ်။

Yasunari ကောင်ကလေးသည်အမှတ်တရများစွာထဲမှာ ခရစ္စမတ်ပါတီနှင့်နှစ်သစ်ကူးပွဲတော်ဖြစ်ပြီး၊ဆွေမျိုးမိဘများနှင့်မိသားစုများစု‌ဝေးကြပါတယ်။

ယခုမှာတော့၊အဲဒီလိူမျိုးတွေကွယ်ပျောက်သွားပါတယ်။

အဲဒါရဲ့ အကြောင်းရင်းကြောင့်လားပါပဲ။

အဆောက်အဦဂေဟာတွင်၊မူကြိုကျောင်းရဲ့ခရစ္စမတ်ပွဲနှင့်နှစ်သစ်ကူးပွဲတော်များမှာ ပျော်ရွှင်စရာအလွန်ကောင်းပြီး စည်ကားအောင်ပြုလုပ်ချင်ပါတယ်။

ဂေဟာဖြစ်တဲ့အတွက်ကြောင့်၊မည်သည့်ခြံ၀န်းများထက် ပိုမိုဇိမ်ကျတဲ့ပစ္စည်းတွေနဲ့ပျော်ရွှင်ဖွယ်ကောင်းနေပါတယ်။

မနေ့က မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးဌာနမှာ ခရစ္စမတ်ပါတီပြုလုပ်ခဲ့ပါတယ်။

ကိုလိုနာကိုစိတ်ပူပြီး၊ကျွန်ုပ်သည် Zoomကနေပါ၀င်ဆင်နွှဲခဲ့ပါတယ်။

ကလေးများ၏ဖျော်ဖြေပွဲများနှင့်၊ထို့‌နောက်၊စိတ်ကူးယဥ်ဆန်သော မုန့်အခန်းများထဲမှာ၊မုန့်များကိုအကန့်အသတ်မရှိယူလို့ရတဲ့ပွဲတော်ကိုကျင်းပခဲ့ပါတယ်။

စတော်ဘယ်ရီခူးခြင်း၊စပျစ်သီးခူးခြင်းများသို့ တင်ဆောင်ပြီးသွားခဲ့ပါတယ်။

အိတ်စုတ်ပြဲတဲ့အထိ‌လောက်အောင် သူငယ်တန်းကလေးများ မုန့်များကိုအပြည့်အသိပ်ထည့်ကြပါတယ်။

မူလတန်းကျောင်းလေ့လာရေးခရီးအနေနဲ့ယူဆောင်လို့ရတဲ့မုန့်များသည် ၃၀၀ ယန်းအတွင်းလို့သတ်မှတ်ခဲ့ပါတယ်။

ညနေပိုင်းတွင်၊ Yasunari ကောင်ကလေးသည်စျေး၀ယ်လမ်းရှိမုန့်ဆိုင်မှာ မိနစ်ပေါင်းများစွာဘာ၀ယ်ရမလဲဆိုပြီးမဆုံးဖြတ်နိုင်ပဲ၊၀န်ထမ်းရဲ့အဒေါ်က

စိတ်ဆိုးဒေါသထွက်ခြင်းခံခဲ့ရတာကို အမှတ်ရခဲ့ပါတယ်။

ကလေးများအတွက် သရေစာမုန့်နှင့်သစ်သီးများသည် စိတ်ကူးယဥ်မြေရဲ့ ရတနာများပင်ဖြစ်ပါတယ်။

ယခုမှာ၊ Ginza ရုံးသို့အမြားအပြား၊နှစ်သစ်ကူးလက်ဆောင်များပေးပို့လာကြပြီး၊ရုံးခန်းရဲ့လက်ဖက်ရည်မုန့်များသည်အကောင်းစားမုန့်တွေဖြစ်ပါတယ်။

သွေးတွင်းသကြားဓာတ်ကိုဂရုစိုက်နေတုန်းမှာ အမှတ်တံဆိပ်ပါတဲ့မုန့်အကောင်းစားများကိုစားသုံးခြင်းဖြစ်ပါတယ်။

ငယ်စဉ်ကလေးဘဝရဲ့အရသာနဲ့စားချင်စိတ်ခံတွင်းအရသာက  ဟိုအရင်တုန်းကကြာခဲ့ပါပြီ။

သွေးတွင်းသကြားဓာတ်ကိုစိတ်ပူစရာမလိုတဲ့ ကလေးဘဝတုန်းက အချိုမုန့်တွေကိုပိုပြီးစားခဲ့သင့်ရင်ကောင်းပါမယ်။

သူငယ်တန်းလေးတွေပျော်မြူးနေတာကိုကြည့်ပြီး ဘဝရဲ့ပျော်ရွှင်မှုနဲ့အထီးကျန်မှုကို ခံစားရပါတယ်။

ဤအရာသည်လည်း၊ပျော်ရွှင်စရာကောင်းတဲ့လူ့မှုဘ၀ပါပဲလို့ Koyama G ကို ကျေးဇူးတင်နေပါတယ်။

သွေးခုန်နှုန်းအောက်ဆီမီတာ ၉၆ . ၉၇ . ၉၇

သွေးသကြားဓာတ် ၁၉၁ ၊ ခန္ဓာကိုယ်အပူချိန် ၃၆.၅ ဒီဂရီ

နိုင်ငံတစ်ဝှမ်းမှသစ်သီးများ ရာသီအလိုက်သတင်း ၊ ကိုယ်စားလှယ် Koyama Yasunari