Ginza Koyama2022/12/07 နေ့စဥ်မှတ်တမ်း ၁၂ လပိုင်း ၇ရက်

Ginza Koyama2022/12/07 နေ့စဥ်မှတ်တမ်း ၁၂ လပိုင်း ၇ရက်

အာရုဏ်မတက်မီ Sapporo

နှစ်တွေအတော်ကြာပြီးမှ Sapporo ကိုရောက်လာတာပါ။

သန့်ရှင်းသပ်ရပ်သောလေကောင်းလေသန့် ပြုပြင်မွန်းမံထားသောမြို့မြင်ကွင်း။

နှင်းများကင်းစင်ပြီး နေသာနေသောဟော့ကိုင်းဒိုးရဲ့ကောင်းကင်ဖြစ်ပါတယ်။

ဟိုးအရင်က ဖခင်ဆီဒို ဥက္ကဌ လာလည်ခဲ့တဲ့အချိန်တုန်းက တည်ခိုးခဲ့တဲ့ Sapporo ဘူတာနားကမြို့တော်ဟိုတယ်မှာ တည်းခိုခဲ့ပါသည်။

အဲဒီတုန်းကတာ၀န်ယူခဲ့တဲ့ ဝန်ထမ်းသည်လည်း ဒီတစ်ချိန်လည်းကျွန်ုပ်နဲ့အတူလိုက်ပါခဲ့ပါတယ်။

Hokkaido ရဲ့ဝန်ထမ်းများသည် တာရှည်၀န်ဆောင်မှုဆုများနှင့်အတူ ဘိုးဘွားရိပ်သာအသစ်ဆောက်လုပ်ခြင်း၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်အစီးအ‌ဝေးအတွက်

ပါ၀င်ဆောင်ရွက်ခဲ့ပါသည်။

ဗိသုကာအင်ဂျင်နီယာအစီးအဝေးပွဲများတွင် Zoom ဖြင့်ပါ၀င်ဆောင်ရွက်လာခဲ့ပေမယ့်လည်း လုပ်ငန်းခွင်ကိုကြည့်ဖို့လာခဲ့ပါတယ်။

အဆောက်အဦးဆောက်ရန်မဟုတ်ဘဲ ဆောက်လုပ်ရေးတာ၀န်ခံအလုပ်သမားနှင့် Koyama ၏၀န်ထမ်းများအား အားပေးတိုက်တွန်းပြီး

ကျေးဇူးတင်ရန်အတွက်ဖြစ်ပါတယ်။

ကိုရိုနာကြောင့် အဆောက်အဦးဝန်ထမ်းတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေလည်း စိတ်လျော့လို့မရပါဘူး။

ထို့အပြင် ယခုမှစပြီး နှင်းများထူထပ်စွာ ကျဆင်းလာမည်ဖြစ်ပါသည်။

မနှစ်က လူ၏ခါးထိအမြင့်လောက်ရှိတဲ့ စုပုံနေခဲ့တယ်လို့ပြောကြပါတယ်။

နှင်းလျှောစီးသူတွေအတွက် စိတ်မကောင်းပေမယ့်လည်း၊ဒီနှစ်မှာတော့ နည်းနည်းလျော့သွားပုံရပြီး စိတ်အေးအေးထားနေပါတယ်။

Sapporo ၏အထူးဘိုးဘွားရိပ်သာသည် ဘူတာအနီးတွင်ရှိပြီး အဆောက်အဦး ၃ လုံးတန်းစီနေပါတယ်။

စင်္ကြံတစ်ခုဖြင့်ချိတ်ဆက်ထားပြီး ပေါင်းစပ်စီမံခန့်ခွဲမှုတစ်ခုဖြစ်နိုင်ပါတယ်။

ကုတင် ၃၀၀ ဆံ့သော အဆောက်အအုံဖြစ်ပါမည်။

အတွင်းပိုင်းအလှဆင်မှုသည် တစ်နှစ်ထက်တစ်နှစ် နုပျိုသောသဘောဖြင့် ပြောင်းလဲနေပါသည်။

ဝန်ထမ်း၏ထမင်းစားခန်းနှင့်အနားယူခန်းများသည် အပေါ်ဆုံးထပ်တွင်ရှိပြီး ရှုခင်းကောင်းပါသည်။

နံရံများအားလုံးသည်မှန်များဖြစ်ပြီး အပြင်ဘက်မျက်နှာမူထားသောကောင်တာထိုင်ခုံများ တန်းစီးနေပါသည်။

Sapporo ရှုခင်းကိုကြည့်ရင်း ဘီယာသောက်နိုင်ပုံရပါသည်။

သေချာပေါက်ကျေနပ်ကြမှာ သေချာပါတယ်။

ဝန်ထမ်းများထံသို့။

မီးဖိုချောင်တွင် စားသောက်ဆိုင်လိုပဲ ယခုတလော ခေတ်မီသောမီးဖိုချောင်တစ်ခုကဲ့သို့ တပ်ဆင်ထားပါသည်။

အာဟာရပညာရှင်များသည် အချိုပွဲများကို ပို၍ပင်အာရုံစိုက်ရပါမည်။

အဆောက်အဦးမှာ နေ့လည်စာလည်းအရသာရှိပါတယ်။

အိမ်မှာနေပေမယ့် အဆင့်အတန်းမီပါတယ်။

တန်ပူရာကိုလည်း ပေါ့ပေါ့ပါးပါး ကြော်ထားပြီး အရသာလည်း ပေါ့ပါးပါတယ်။

ဘီယာမရှိတဲ့အတွက် စိတ်မကောင်းစရာပါ။

ညနေပိုင်းမှာတော့ ချောကလက်စက်ရုံကို သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။

ယခင်ရှေးတုန်းက ဘီယာစက်ရုံမှာ Genghis Khan ကိုသတိရမိပါတယ်။

အားလုံးကလွမ်းဆွတ်စရာ ခရီးတစ်ခုရဲ့ အမှတ်တရတွေပါ။

ထို့နောက်မှာ Koyama G ၏သမိုင်းဖြစ်လာပါသည်။ါ

လာမည့်နှစ်တွင် Koyama G၏ ၄၀ နှစ်ပတ်လည်နေ့ဖြစ်ပါသည်။

Sapporo ရှိဘိုးဘွားရိပ်သာကိုလည်း ထိုနှစ်တွင် ပြီးအောင်လုပ်ပါမည်။

ဝန်ထမ်းများထံမှအမှတ်တရလက်ဆောင်အဖြစ် Ginza Koyama နေ့စဥ်မှတ်တမ်း၏ထင်မြင်ချက်များကိုအကျဉ်းချုံးဖော်ပြသော အယ်လ်ဘမ်တစ်ခု ရရှိခဲ့ပါသည်။

အမှန်တကယ်ဖတ်ပေးတဲ့အတွက်ကြောင့် ကျွန်ုပ်ဝမ်းသာခဲ့ပါတယ်။

အဝင်ပေါက်မှာဝန်ထမ်းတွေနဲ့အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပြီး အဲဒီအချိန်မှာ နှင်းမှုတ်စက်လက်ကိုင်ကိုကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

အဲဒီဓာတ်ပုံကိုမြင်ရဖို့‌ စောင့်မျှော်နေပါတယ်။

ကျွန်ုပ်အတွက်ကတော့ Koyama ၏လုပ်ငန်းသည်ဝန်ထမ်းတွေနဲ့လူမှုဘ၀တစ်သက်တာ အမှတ်တရတွေဖန်တီးဖို့ပါပဲ။

ကျွန်ုပ်သည် နောက်ထပ်ဘယ်နှစ်မျက်နှာလောက် ရေးနိုင်ပါမည်လဲ။

‌သွေးခုန်နှုန်းအောက်ဆီမီတာ ၉၆ . ၉၇ . ၉၇

သွေးသကြားဓာတ် ၁၃၈၊ခန္ဓာကိုယ်အပူချိန် ၃၆.၆ ဒီဂရီ

ယနေ့လည်း ခရီးသွားခြင်း ၊ကိုယ်စားလှယ် Koyama Yasunari