Ginza Koyama နေ့စဥ်မှတ်တမ်း ၁၀ လပိုင်း ၄ ရက် လူဦးရေထူထပ်သောရက်ကွက်နှင့်ကြီးမားသောမြို့ကြီးများ

Ginza Koyama နေ့စဥ်မှတ်တမ်း ၁၀ လပိုင်း ၄ ရက် လူဦးရေထူထပ်သောရက်ကွက်နှင့်ကြီးမားသောမြို့ကြီးများ

Setagaya ရက်ကွက်၏လူဦးရေသည် Yamanashi စီရင်စုထက်ကျော်လွန်နေပါတယ်။

ဖောင်‌ဒေးရှင်းလို့ဆိုကြသည့် မြို့ရွာများ၏ရက်ကွက်များ ကွဲပြားမှုသည်၊အဲဒိုခေတ်ကတည်းက ပြောင်းလဲခြင်းမရှိသေးပါ။

ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေးပညာပေးရေးအတွက် အထောက်အကူပြုပစ္စည်းများနှင့်၀န်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံမြို့နယ်တစ်ခုစီမှာ အဖြစ်မနေဆောင်ရွက်ရန် တာ၀န်ရှိပါသည်။

မည်သည့်မြို့ကိုမဆို လူဦးရေပမာဏမခွဲခြားဘဲ ကျောင်းများ၊ဆေးရုံများနှင့်လူမှုဖူလုံရေးအဆောက်အအုံများကို လိုချင်ကြပါတယ်။

ရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနကလည်း အဲဒီလိုပါပဲ။

သို့သော်လည်း၊ကျေးလက်တောင်တန်းဒေသများနှင့်လူနေထူထပ်သောဒေသများတွင် လူဦးရေအလွန်အကျွံကျဆင်းမှု နှင့် ပြည်သူ့ဘဏ္ဍာငွေကျဆင်းမှုကြောင့်၊လူမှုဖူလုံရေးဝန်ဆောင်မှုများကိုထိန်းသိမ်းရန် ခက်ခဲလာပါတယ်။

ဒေသဆိုင်ရာခွဲဝေခွန်စသည်တို့နှင့်ပြည့်မီနေသော်လည်း ၊ကလေးမွေးနှုန်းကျဆင်းမှုနှင့်သက်ကြီးရွယ်အိုများလာခြင်း လူ့အဖွဲ့အစည်းကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုခက်ခဲလာပါတယ်။

မြို့ပြလူဦးရေတိုးလာသည်နှင့်အမျှ လွှတ်တော်ကိုယ်စာလှယ်အရေအတွက်သည်လည်း ကျေးလက်ဒေသမှ မြို့ပြများအထိ တိုးလာမည်ဖြစ်ပါသည်။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့ ဒါဟာသဘာဝကျပေမယ့် မကြာသေးခင်ကမှ ရွေးကောက်ပွဲမဲဆန္ဒခရိုင်တွေက လူဦးရေအပေါ်အခြေခံတဲ့ မှန်ကန်မှုရှိမရှိ မေးခွန်းထုတ်လာခဲ့ပါတယ်။

အုပ်ချုပ်ရေးနယ်မြေဧရိယာအလိုက်၊လွှတ်တော်အရေအတွက်ကိုဆုံးဖြတ်ရန်ဖြစ်နိုင်လားဟုတွေးမိပါတယ်။

တိုင်းဒေသကြီးသည် ကြီးမားသော သစ်တောဧရိယာကို ပိုင်ဆိုင်ပါသည်။

၎င်း၏ပြုပြင်ထိန်းသိမ်းမှု နဲ့ နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ရှိပါတယ်။

မူလက၊စည်ပင်သာယာရေးအဖွဲ့များပေါင်းစည်းလိုက်လျှင် ပိုကောင်းနိုင်သော်လည်း၊သမိုင်းဆိုင်ရာအခြေအနေများကြောင့်၊ပေါင်းစည်းရန်ခက်ခဲသောမြို့ရွာများရှိကြောင်း နားလည်လာပါတယ်။

ဒေသခံတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုလို့ ပြောရရင် ဒီလောက်ပါပဲ။

ဒါပေမယ့်၊ဒီအခြေခံဒေသအစိုးရတွေကိုပြန်မဖွဲ့စည်းလျှင်၊မီးသတ်ဌာန၊ရဲဌာန၊ဆေးကုသရေးနဲ့ကလေးထိန်းတွေ အလုပ်မဖြစ်နိုင်တဲ့ ခရိုင်တွေ ရှိမယ်ထင်ပါတယ်။

အခွန်ခွဲဝေခြင်းတစ်ခုအတွက်သာ ပြုပြင်ပြောင်းလဲမှု မရှိပါဘူး။

တိုကျိုမြို့၏ရပ်ကွက်မြို့တော်ဝန်ရွေးကောက်ပွဲစတင်နေပြီဖြစ်သော်လည်း၊ရပ်ကွက်၏လူဦးရေလေးပုံတစ်ပုံ၏ အခြေခံဆန္ဒမဲဖြင့်အနိုင်ရသည့်ကိုယ်စားလှယ်လောင်းတစ်ဦးမျှမရှိခဲ့ပါက၊ပြန်လည်ရွေးကောက်တင်မြှောက်သည့် ရပ်ကွက်လည်း ရှိခဲ့ပါတယ်။

ဒီလိုအကြောင်းအရာက ယခုချိန်ထိမဖြစ်ဖူးဘူး ထင်ပါတယ်။

နိုင်ငံရေးသမားတစ်ဦးချင်းစီရဲ့ အရည်အချင်းများကိုစမ်းသပ်တဲ့ရွေးကောက်ပွဲကနေ၊တိုင်းပြည်ရဲ့စနစ်ကို ပြန်လည်သုံးသပ်ဖို့ အချိန်ရောက်လာပြီလို့ ထင်ပါတယ်။

ဒါပေမယ့် ဒီဟာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်လား။

ယူကရိန်းကဲ့သို့သော၊ဒေသန္တရရွေးကောက်ပွဲများမှတစ်ဆင့်၊အမျိုးသားလွတ်လပ်ရေးရနိုင်သည့်ကမ္ဘာကဲ့သို့သော ကျွန်းနိုင်ငံတစ်ခုတွင် စိတ်ကူးမယဉ်နိုင်ပါဘူး။

ဒီအတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင်၊ဒေသဆိုင်ရာအစိုးရတွေကအကြီးစားငလျင်တွေကို သူတို့ဘာသာ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ သိနေပါတယ်။

ဟုတ်ပါတယ်၊ ပုဂ္ဂလိက ကော်ပိုရေးရှင်းတွေတောင် ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ဘာမှလုပ်လို့မရပါဘူး။

မိမိဌာနမှာတောင်ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် အစွမ်းကုန်ကြိုးစားမယ်လို့ပြောပေမယ့်လည်း၊ကြီးမားသော ကပ်ဘေးကြုံရင် ဘာမဆို လုပ်ရခက်လိမ့်ပါမယ်။

ကောင်းကင်ဘုံသို့ ဆုတောင်းခြင်းသည် အဓိပ္ပါယ်ရှိပါသလား။

ဒေသန္တရအစိုးရ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဘာများရှိပါသလဲ။

သွေခုံနှုန်း အောက်ဆီမီတာ ၉၈.၉၈.၉၉

သွေးသကြားဓာတ် ၁၉၅ ၊ ခန္ဓာကိုယ်အပူချိန် ၃၆.၃ ဒီဂရီ

မိုးလုံလေလုံ လမ်းလျှောက်ခြင်း ၊ ကိုယ်စာလှယ် Koyama Yasunari