Ginza Koyama နေ့စဥ်မှတ်တမ်း ၁၀ လပိုင်း ရက် သုံးစွဲမှုနှုန်းနှင့်ပတ်သတ်သောအမှန်တရား

Ginza Koyama နေ့စဥ်မှတ်တမ်း ၁၀ လပိုင်း ရက် သုံးစွဲမှုနှုန်းနှင့်ပတ်သတ်သောအမှန်တရား

ဆေးရုံအသုံးအဆောင်ပစ္စည်းအထည်လိပ်များ၊စက်ပစ္စည်းအငှားကိုယ်စာလှယ်များနှင့်တွေဆုံပြီး၊

လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို ဖလှယ်ခဲ့ကြပါတယ်။

လုပ်ငန်းဆိုင်ရာအချက်အလက်များဖလှယ်ရန်အတွက်ဆေးရုံသုံးပစ္စည်းများနှင့်စက်ပစ္စည်းအငှားအရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။

စားသောက်ကုန်လုပ်ငန်းမှ အမှုဆောင်အရာရှိများကိုလည်း နှုတ်ဆက်ခဲ့ပါတယ်။

ကျွန်ုပ်သည် စက်မှုလုပ်ငန်း၀န်ဆောင်မှု ကုမ္ပဏီအမှုဆောင်အရာရှိများနှင့်ပုံမှန်တွေ့ဆုံပြီး၊ဆေးဘက်

ဆိုင်ရာနှင့်ကလေးထိန်းလုပ်ငန်း၏လက်ရှိလိုအပ်ချက်များအ‌ပေါ် သဘောထားများကိုဖလှယ်ခဲ့ကြပါတယ်။

ရှင်းရှင်းလင်းလင်းပြောရလျှင် အထည်အလိပ်နှင့် အငှားစက်ပစ္စည်းအရေအတွက် တိုးလာပါသလား၊ သို့မဟုတ် လျော့လာပါသလား။

မကြာသေးမီက၊ကျောင်းတွင်နေ့လည်စာများလျော့နည်းသွားခြင်း၊အထောက်အကူပြုစနစ်များထဲမှ မည်သည့်စနစ်များကို ကြုံတွေ့ရပါသလဲ။

နေ့ ၊ အိမ် သို့မဟုတ် ဆေးရုံပါလား။

အငှားကုမ္ပဏီအသေးစားများသည် အဆင်မပြေဖြစ်ပြီး ၀ယ်ယူခြင်းခံနေရပါတယ်။

မကြာသေးခင်ကမှ စီးပွားရေးပျက်သွားတဲ့ မူကြိုကျောင်းရှိသလားဆိုတာ တွေးမိပါတယ်။

ကုမ္ပဏီမှလူများသည် ယနေ့ခေတ်စီးပွားရေးလုပ်ငန်းအတွက်ရှိကြပြီး ၊ ကျွန်ုပ်သည်လည်း ကုမ္ပဏီအသစ်များနှင့်အတတ်နိုင်ဆုံး စီးပွားရေးလုပ်ရန် ကြိုးစားမည်ဖြစ်ပါသည်။

ဒါပေမယ့် ၊ ကျွန်ုပ်သည် စျေးနှုန်းသက်သာအောင်မဟုတ်ဘဲ ဝန်ဆောင်မှုအသစ်တွေ နှင့် ထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးချင်တာကြောင့်ပါ။

ထို့နောက် စက်မှုလုပ်ငန်းရဲ့ အနာဂတ်ကိုလည်း မှန်းဆကြည့်ချင်သောကြောင့်ဖြစ်ပါတယ်။

ကိုယ်အပူချိန်ကို တစ်နေ့လျှင် အကြိမ်များစွာတိုင်းပါ။

လက်ရှိကိုယ်အပူချိန်အပြင် မြင့်တက်လာသည်ဖြစ်စေ၊ ကျဆင်းသည်ဖြစ်စေ လမ်းညွှန်ချက်များကိုဖတ်ရှုပါ။

မိုးလေဝသခန့်မှန်းချက်သည်လည်း မနက်ဖြန်အတွက်ရာသီဥတုကို ခန့်မှန်းရန်အတွက်ဖြစ်ပါတယ်။

အခုရာသီဥတုက ဘယ်လိုလဲဆိုတာ ကျွန်ုပ်သိပါတယ်။ အခု မိုးရွာနေတယ်ဆိုတာ။

ဘယ်အချိန်ကျမှ ရာသီဥတုက ပြန်ကောင်းလာမလဲဆိုတာ သိချင်ပါတယ်။

ဆေးဘက်ဆိုင်ရာလူမူဖူလုံရေး၊ကလေးစောင့်ရှောက်ရေးစီမံခန့်ခွဲမှု၏ အညွှန်းကိန်းနှင့်ပတ်သတ်၍ မည်သို့သိပါသလဲ။

အမြတ်နှုန်း၊ အရောင်းမြှင့်တင်မှုနှုန်း၊ အစုရှယ်ယာအချိုး၊ စသည်တို့ဖြစ်ပါတယ်။

ကျွန်ုပ်သည် ဝန်ထမ်းတွေကို ခက်ခက်ခဲခဲမပြောဘဲ လည်ပတ်နှုန်းနဲ့ ပတ်သက်ပြီး မေးပါတယ်။

အိပ်ယာ ပြည့်နေပါသလား၊ ဘယ်လိုလဲဆိုတာ။

နေ့စားလည်ပတ်မှု၊ ဖျက်သိမ်းမှုနှုန်း၊ စသည်တို့။

ဆေးရုံတက်သူဦးရေ သို့မဟုတ် ဝင်ခွင့်အရည်အချင်း အရေအတွက်နှင့် ကိုက်ညီမှုရှိသလား၊သို့မဟုတ်၊ မရှိသေးဘဲ အသုံးပြုမှုနှုန်း လျော့ကျနေပါသလား။

ဖောက်သည်ရွေးချယ်မှု နှင့် လူကြိုက်များသောဓမ္မဓိဌာန်ကျသောဝန်ဆောင်မှုများ၏ အရည်အသွေးအကဲဖြတ်မှုတစ်ခုဖြစ်ပါတယ်။

ဧည့်သည်မရှိသော စားပွဲများအမြဲလွတ်နေသည့် စားသောက်ဆိုင်မှစားဖိုမှူးတစ်ဦးက ကျွန်ုပ်သည်ထိပ်တန်းစားဖိုမှူးတစ်ဦးလို့ ကြွားလုံးထုတ်ပါက ရယ်စရာဖြစ်ပါလိမ့်မည်။

စနေ၊တနင်္ဂနွေပိတ်ရက်အုပ်စုများမှလွဲ၍ အခန်းတွေမပြည့်ပဲ Ryokanဟာ ထိပ်တန်းအဆင့်မရောက်နိုင်ပါဘူး။

မာနကြီးသူ၊ပျင်းရိသူ၊ဝီရိယရှိသူတစ်ဦးသည် ဓမ္မဓိဌာန်ကျ အကဲဖြတ်ခြင်း ၊ နံပါတ်များကိုလက်မခံပဲ မိစိတ်ကျေနပ်မှုအတွက်သာ အသက်ရှင်နေပါတယ်။

အဲဒါကြောင့်၊စားသောက်ဆိုင်တွေ၊ဆေးရုံတွေ၊ဘိုးဘွားရိပ်သာတွေတော်တော်များများဒေ၀ါလီခံတာကို တွေ့မြင်ဖူးပါတယ်။

ယခုမှစပြီး၊ထိုကဲ့သို့သောမူကြိုကျောင်းများနှင့်သူငယ်တန်းကျောင်းများလည်းထွက်လာပါလိမ့်မည်။

ဘဏ်များနှင့်ကုန်သည်များထံမှ မိတ်ဆက်မှုများမှတစ်ဆင့် ထိုကော်ပိုရေးရှင်းများကို စုံစမ်းစစ်ဆေးပေမဲ့လည်း၊ မလွဲမသွေ၊

ထိုသို့သောနေရာများသည်သမိုင်းတစ်ခုရှိပြီး၊ ဂုဏ်ယူဝံ့ကြွားသောစိတ်ရှိကာ ပြောင်းလဲနေသောအချိန်များနှင့် ပြိုင်ဆိုင်မှုများကို တုန့်ပြန်နိုင်စွမ်းမရှိတော့ပါ။

ခေါင်းမာမှု၊အသွင်အပြင်များနှင့်တာဝန်မဲ့သောအမှုဆောင်များသည် ကော်ပိုရေးရှင်းကို ဒေ၀ါလီခံစေလိမ့်မည် ဖြစ်ပါတယ်။

ဓမ္မဓိဌာန်ကျသော ကိုယ်ပိုင်အသိနှင့် မိမိကိုယ်ကိုပြုပြင်ရန်ခက်ခဲပါတယ်။

ယုံကြည်မှုလွန်ကဲတဲ့အကြီးအကဲတွေကိုထင်ဟပ်မပြနိုင်ရင်တောင်အပြစ်မဲ့လူငယ်တွေကိုစတေးခြင်းမပြုသင့်ပါ။

လူငယ်အမှုဆောင်များအတွက် ပညာရေးပိုမိုမြင့်မားစေရန် အားစိုက်ထုတ်စေချင်ပါတယ်။

သွေးခုံနှုန်း အောက်ဆီမီတာ ၉၇.၉၇.၉၉

သွေးသကြားဓာတ် ၁၄၉ ၊ ခန္ဓာကိုယ်အပူချိန် ၃၆.၁ ဒီဂရီ

ကမ်းပါးစွန်းရှိ စီမံခန့်ခွဲမှု ၊ ကိုယ်စားလှယ် Koyama Yasunari