Ginza Koyama နေ့စဥ်မှတ်တမ်း ၉လပိုင်း ၁၄ရက် အသင်းစောင့်ရှောက်မှု လူ့အဖွဲ့အစည်း

Ginza Koyama နေ့စဥ်မှတ်တမ်း ၉လပိုင်း ၁၄ရက် အသင်းစောင့်ရှောက်မှု လူ့အဖွဲ့အစည်း

KoyamaGသည် များပြားသောအလုပ်ရုံဆွေးနွေးပွဲများရှိပေမဲ့လည်း အဲဒီအထဲမှာ အသင်းစောင့်ရှာက်

မှုလူ့ဘောင်အဖွဲ့အစည်းကို အပြင်ဘက်မှာဖွင့်ထားပါတယ်။

ယခုကအချိန်တွင်၊နောက်ထပ်အမှန်တကယ်KoyamaG၏အတွင်းပိုင်းဖြစ်ပေမဲ့လည်း၊အနာဂတ်အတွက်လူ့ဘောင်အဖွဲ့အစည်းနှင့် 

လိုက်လျောညီထွေမှုရှိသော အဖွဲ့အစည်းဖြစ်အောင် ပြုလုပ်လိုပါသည်။

မနေ့က Zoom မှတဆင့် လူအယောက်၇၀၀ ကျော် ပါ၀င်တက်ရောက်ခဲ့ပါသည်။

အွန်လိုင်းမှာ ကောင်းတဲ့အချက်ကတော့ တင်ဆက်သူဟာ စိတ်ဖိစီးမှုနည်းပါးစေပါတယ်။

တိုကျိုမြို့ရဲ့တက္ကသိုလ်ခန်းမတစ်ခုရှိကျောင်းသားအများအပြားရှေ့တွင်၊တင်ဆက်ခြင်းသည်တော်တော်စိတ်လှုပ်ရှားဖွယ်ကောင်းပါသည်။

မေးခွန်းမေးဖို့တောင် တော်တော်နဲ့လက်မမြှောက်နိုင်ပါဘူး။

ထိုသဘောအရ အွန်လိုင်းတွင် မေးခွန်းများမေးရန် ပိုမိုလွယ်ကူစေပါသည်။

ပထမနေ့ရဲ့ထင်မြင်ယူဆချက်မှာ တင်ဆက်သူတွေအရမ်းများပြီးတော့ ၎င်းတို့အားလုံးကိုဆုပ်ကိုင်

ထားလို့ မရပါဘူး။

ယခုအချိန်အထိ ကျောင်းသားများကိုဆန္ဒအလျောက်လွတ်လပ်စွာ သုတေသနပြု၍တင်ပြခြင်းတွင် ပညာရေးဆိုင်ရာ အရေးပါမှုရှိခဲ့သော်လည်း 

ထိုအဆင့်သည် ကျော်လွန်သွားခဲ့ပြီဖြစ်ပါသည်။

တင်ဆက်သူအရေအတွက်ကို ကျဥ်မြောင်းစေပြီး အကြောင်းအရာထည့်သွင်းစဥ်းစားခြင်းနှင့်

ထပ်လောင်းအတည်ပြုခြင်းဆိုင်ရာလေ့လာမှုများအတွက်လမ်းကြောင်းများသေချာစေရန် မည်သို့ပြုလုပ်မည်းနည်း။

သုတေသနသည် သိပ္ပံပညာဖြစ်ပါသည်။

တခြားသူတွေကိုသက်သေပြပြီးပြန်စိစစ်ပြီး လူ့အဖွဲ့အစည်းကိုဖြန့်‌ဖို့ထိုက်တန်အောင်လုပ်ပေးချင်ပါတယ်။

ပြည်ပကနေ နည်းပညာဆိုင်ရာအလုပ်သင် သင်တန်းသားဦးရေလည်းတိုးလာတဲ့အတွက်ကြောင့်၊

တခြားနိုင်ငံတွေနဲ့ ပူးပေါင်းပြီးနိုင်ငံတကာ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတစ်ခု လုပ်ချင်ပါတယ်။

ဗီယက်နမ်၊ မြန်မာ၊ ထိုင်း၊ တရုတ်ဖြစ်ပါတယ်။

အွန်လိုင်းကနေလည်း ဖြစ်နိုင်ချေရှိပါတယ်။

သူနာပြုစောင့်ရှောက်မှုသည် ယဉ်ကျေးမှုတခုဖြစ်ပါသည်။

外国から、日本の介護がどう映るか、聞いてみたい。

နိုင်ငံခြားတိုင်းပြည်ကနေ ဂျပန်နိုင်ငံရဲ့သူနာပြုစောင့်ရှောက်မှုက ဘယ်လိုပုံစံပါလဲ ကြားချင်ပါတယ်။

နိုင်ငံတကာ နှိုင်းယှဉ်ယဉ်ကျေးမှုဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ခုသည်လည်း ကောင်းပါပေမည်။

ညနေပိုင်းတွင် Ginza ရုံးချုပ်ရှိ စတူဒီယိုတွင် ဂျက်ဇ်ဂီတဖျော်ဖြေပွဲ ကျင်းပခဲ့ပါသည်။

အွန်လိုင်းမှာ နိုင်ငံတ၀ှမ်းကနေ ပါ၀င်ဆင်နွှဲခဲ့ကြပါတယ်။

စိတ်ဖိစီးမှုများပြီး အပန်းဖြေချိန်။

အဖေ့ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့အတွက် သင့်လျော်သောညဖြစ်ခဲ့ပါတယ်။

အဖေ့ရဲ့အနှစ်သက်ဆုံးအစားအစာ ဖြစ်တာကြောင့် ပါးလွှာတဲ့မန်ဂျူးမုန့်များကို အများကြီး ရခဲ့ပါတယ်။

လောလောဆယ်တော့ မနက်စာစားမှာ မန်ဂျူးမုန့်များကို စားပါမယ်။

ကျွန်ုပ်အဖေနှင့်အတူ။

သွေးခုန်နှုန်း အောက်ဆီမီတာ ၉၈.၉၈.၉၈

‌သွေးသကြားဓာတ် ၁၆၄ မန်ဂျူးမုန့်ကို အခုကနေ စားပါမယ်။ အပူချိန် ၃၆.၅ ဒီဂရီ

လူမူဘ၀၏အသင်းစောင့်ရှောက်မှု၊ Koyamaကမိသားစု သားအကြီးဆုံး Koyama Yasunari