Ginza Koyama နေ့စဥ်မှတ်တမ်း ၉လပိုင်း ၁၂ရက်သတင်းစာပိတ်ရက်၊အရက်မသောက်တဲ့ရက်၊စာကြည့်တိုက်နှင့်ရုပ်ရှင်ရုံစသည်ပိတ်သောရက်၊အနားယူသောရက်

Ginza Koyama နေ့စဥ်မှတ်တမ်း ၉လပိုင်း ၁၂ရက်သတင်းစာပိတ်ရက်၊အရက်မသောက်တဲ့ရက်၊စာကြည့်တိုက်နှင့်ရုပ်ရှင်ရုံစသည်ပိတ်သောရက်၊အနားယူသောရက်

ယနေ့သည် လစဉ်ပိတ်သောနေ့ဖြစ်ပါတယ်။

ကျွန်ုပ်သည်၂နာရီခွဲမှာပို့ပေးလာတဲ့ သတင်းစာကိုiPadနဲ့အိပ်ယာပေါ်မှာဖတ်ပြီး ဒိုင်ယာရီရဲ့အကြောင်းအရာအဖြစ် အသုံးပြုပါသည်။

ထင်မှတ်မထားတဲ့ လက်ရှိဖြစ်ရပ်၏သတင်းအရင်းမြစ်စ်များမှ  စိတ်ကူးအကြံများစွာရှိပါတယ်။

အခုတလောမှာ လလယ်ရဲ့တနင်္လာနေ့က ရုံးပိတ်ရက်ဖြစ်ပါသည်။

သတင်းစာကုမ္ပဏီတိုင်းသည်လည်း တစ်ပြိုင်ထဲအားလပ်ရက်ဖြစ်တာက ဂျပန်နဲ့တူပါတယ်။

ဈေးဆိုင်တန်းရော၊ ဆရာဝန်များအသင်း အားလပ်ရက်များရော အားလုံးတစ်ပြိုင်ထဲပါပဲ။

ရက်တပတ်၏နေ့ နှင့် ရက်စွဲပြောင်းလျှင် ကောင်းမယ်လို့ထင်ပေမယ့်လည်း အဲလိုမဟုတ်ပါဘူး။

ကျွန်ုပ်က အရက်လုံးဝမသောက်တဲ့နေ့လို့ပြောတဲ့အခါ လူအများကအထင်လွဲကောင်းလွဲနိုင်ပေမဲ့ ကျွန်ုပ်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက

အရက်တားမြစ်တဲ့အဖွဲ့ကို ဆေးရုံအသင်းဆရာနဲ့အသင်းဖွဲ့ပြီး အသည်းကိုသာလျှင် သန့်ရှင်းအောင်ထားပါတယ်။

ကျန်ရှိနေတဲ့ခန္ဓာကိုယ်ရဲ့အပိုင်းပြောလျှင် အခုအချိန်အခါမှာတော့ သွားနာခြင်းနှင့်ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားနေရပါတယ်။

အဖေကကွယ်လွန်ခါနီး အိပ်လို့မပျော်ပဲခံရခက်တယ်၊အိပ်ပျော်လည်းပဲပင်ပန်းတယ်၊မောတယ်လို့ ညည်းညူးခဲ့ပါတယ်။

အဲဒီအချိန်မှာ နားမလည်ခဲ့ပေမယ့် အခု နားလည်လာခဲ့ပါပြီ။

အသက်ရှင်ဖို့ကခက်ခဲပြီး၊ပျော်စရာဆိုတာဘာပါလဲ၊ဘာကိုပျော်ရွှင်စေတာလဲဆိုတာ နားမလည်တော့ပါဘူး။

အဲဒီလောက် စိတ်တေတွေဝေတဲ့ ညတွေလည်းရှိပါတယ်။

နေ့ခင်းက အလုပ်တွေရှူပ်နေတဲ့အတွက်ကြောင့် အဲဒီလိုအပိုအလျှံအချိန်မရှိပါဘူး။

ဆေးရုံးရော၊ဘိုးဘွားစောင့်ရှောက်ရေးအဆောက်အဦးရော မပိတ်ပါဘူး။

အသက်ဆက်ရှင်ရန်မှာ အနားယူခြင်းမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်ုပ်လည်းပဲ မိမိရဲ့ခံစားချက်တွေကိုထိန်းထားနိုင်ဖို့ အနားယူတဲ့နေ့လဲ လိုအပ်ပါတယ်။

ရုပ်ရှင်ရုံတွေနဲ့အနုပညာပြတိုက်တွေက လိုအပ်မယ်လို့ထင်ပါတယ်။

နှစ်တိုင်း ဖူဂျီတောင်အတူတူတက်ဖို့ ဖိတ်ခေါ်တဲ့ သူငယ်ချင်းဟောင်းဆရာဝန်တစ်ယောက်ရှိပါတယ်။

အခုမှာတော့ အဲဒီသူငယ်ချင်းလဲမရှိတော့ပါဘူး။

တစ်ကြိမ်လောက်ဖြစ်ဖြစ် တွေ့ရမယ်ဆိုရင်ကောင်းမှာပဲ။

မိခင်နှင့်ကလေးများကိုပျော်ရွှင်စေမဲ့လူမှုဖူလုံရေးစခန်းတစ်ခုကိုဖန်တီးချင်တယ်လို့ပြောတဲ့စိတ်ကူးအိမ်မက်သည် ကျွန်ုပ်၏ဆန္ဒလည်းဖြစ်မယ်ထင်ပါတယ်။

တဖန် ၊ တနင်္လာနေ့ကနေ အစပြုပါမယ်။

စိတ်ထဲမှာ ပူပင်သောကရှိကောင်းရှိပါလိမ့်မယ်။

သွေးခုန်နှုန်အောက်ဆီမီတာ ၉၆.၉၇.၉၈

သွေးသကြားဓာတ် ၁၄၉ ၊ အပူချိန် ၃၆.၂ ဒီဂရီ

မနေ့က ခြေလျင်မီတာပေါင်း ၅၀၀၀ ရှိပြီး ၊ကြွက်သားများနာနေပါတယ်။

ထမင်းစားခန်းလမ်းလျှောက်ခြင်း၊ ကိုယ်စာလှယ် Koyama Yasunari