Ginza Koyama နေ့စဥ်မှတ်တမ်း ၉လပိုင်း ၉ရက် နန်းသက် နှစ်ပေါင်း ၇၀ 

Ginza Koyama နေ့စဥ်မှတ်တမ်း ၉လပိုင်း ၉ရက် နန်းသက် နှစ်ပေါင်း ၇၀ 

အဲလိဇဘတ် Elizabeth ဘုရင်မကြီးသည် အသက် ၉၆ နှစ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။

ထီးနန်းဆက်ခံသူ ချားလ်စ် Charles အိမ်ရှေ့မင်းသားသည် ကျွန်ုပ်ထက်လည်းပဲ အသက်ကြီးပါတယ်။

အိမ်ရှေ့မင်းသားရဲ့ တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်း ဘာတီ မှတစ်ချိန်ကဖိတ်ကြားခြင်း

ခံခဲ့ရဖူးပါတယ်။

လှူဒါန်းငွေကိုသယ်ဆောင်ပြီးတော့ လန်ဒန်အထိသွားဖို့ရာက ခက်ခဲမယ်လို့ ရိုးရိုးရှင်းရှင်းပဲငြင်းဆိုလိုက်

ပါတယ်။ 

Koyama သည် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုများကို ကာကွယ်ပေးရန် အကောင်းဆုံးလုပ်ဆောင်ပြီး ၊

ကမ္ဘာ့ပေါရှိတောရိုင်းတိရိစ္ဆာန်များကို တခြားသူတွေဆီ ထားခဲ့ချင်ပါတယ်။

အင်္ဂလန်လူမျိုး အမျိုးသားများ၊ ချာချီ Churchill ၊ ရှားလက်စ် ဟုမ်းစ် Sherlock Holmes နှင့် ဂျိမ်းစ်ဘွန်း James Bond တို့ကို အမှတ်ရစေပါတယ်။

အမျိုးသမီးများသည် အဲလိဇဘက် Elizabeth ဘုရင်မကြီးနှင့် သက်ချာ Thatcher ဖြစ်ပါတယ်။

ထို့နောက်၊သူက နောက်၀န်ကြီးချုပ် ဖြစ်လာပါလိမ့်မယ်။

ဒါတောင်မှ နန်းသက် နှစ်ပေါင်း ၇၀ အုပ်ချုပ်ခဲ့တဲ့သက်တမ်းက အံ့မခန်းပါပဲ။

Koyama G သည် လာမည့်နှစ်တွင် နှစ် ၄၀ ပြည့် နှစ်ပတ်လည်‌နေ့ ကျင်းပမည်ဖြစ်ပါတယ်။

ကျွန်ုပ်၏ ကာယခွန်အားသည် ကျွန်ုပ်၏ နန်းသက် ၅၀ နှစ်ခန့်လောက်သာ ကန့်သတ်ချက်ဖြစ်သည်ကို 

သိသော်ငြားလည်း ဒါတောင်မှ တုန်လှုပ်ချောက်ချားသွားစေပါတယ်။

ကျွန်ုပ်သည် ဘယ်အချိန်ထိပဲဖြစ်ဖြစ် သားတစ်ယောက်လို အမြဲခံစားရပါတယ်။

အဲဒါက အခုချိန်ထိလည်းပဲ မပြောင်းလဲပါဘူး။

မနက်တိုင်း ကွယ်လွန်သွားတဲ့ မိဘတွေရဲ့ပုံတွေကို နှုတ်ဆက်ဂါရ၀ပြုပြီးမှ အလုပ်ကိုသွားပါတယ်။

လက်ဆောင်ရထားတဲမုန့်တွေ၊အထူးသဖြင့်မန်ဂျူးမုန့၊ယိုပြုလုပ်ထားသည့်မုန့်များကတော့ပူဇော်သက္ကာပြုပြီးမှ သုံးဆောင်ပါတယ်။

အဖေကပဲငပိကိုအရမ်းကြိုက်ပြီး၊အထူးသဖြင့်ပါးလွှာတဲ့အရေခွံပါတဲ့မန်ဂျူးတေကိုကြိုက်နှစ်သက်ပါတယ်။

ကျွန်ုပ်သည်လည်းသွားတွေမကောင်းလာသလို၊ကြိုက်နှစ်သက်တဲ့အစားအသောက်များကတော့၊ထမခြောက်ဖြင့်ပြုလုပ်ထားသော မုန့်များကနေ ဂျပန်အချိုမုန့်များကို ပြောင်းသွားပါတယ်။

စိတ်ထဲမှာတော့လူကြီးမဖြစ်ချင်သေးတဲ့ကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း၊ခန္ဓာကိုယ်ကဆုတ်ယုတ်လာတာကိုတော့ ဟန်ဆောင်လို့မရပါဘူး။

မူကြိုကျောင်း ဘက်စ်ကား‌ပေါ်မှာ သေဆုံးသွားသော ကလေးကအသက်က ၃ နှစ် ဖြစ်ပါတယ်။

လောကကြီးက အဓိပ္ပာယ်မဲ့ပါတယ်။

ဒီနေ့လည်းပဲ စိတ်ဆိုးနေတုန်းပါပဲ။

သွေးခုန်နှုန်း အောက်ဆီမီတာ ၉၆/၉၇/၉၈

သွေးသကြားဓာတ် ၁၇၄

မနေ့က၊ကျွန်ုပ်ရဲ့ခြေလှမ်းပေါင်းတစ်သောင်းအောင်မြင်သွားပါပြီ။ညနေခင်းသတင်းကြည့်ရင်းနဲ့ထမင်းစားခန်းရဲ့စားပွဲ၀ိုင်းကိုလှည့်ပတ်ကြည့်ခဲ့ပါတယ်။အအေးပေးစက်ကိုအမြင့်ဆုံးထိဖွင့်ထားပြီး၊ဖူဂျီတောင်တက်တာရဲ့အောင်မြင်မှုလို့ ခံစားရပါတယ်။ဘ၀မှာ ပထမဆုံးသော အောင်မြင်မှုပါပဲ။

ကိုယ်အပူချိန် ၃၆.၂  ဒီဂရီ

လာမည့်အပတ်က အဖေရဲ့နှစ်ပတ်လည်နေ့ ၊ ကိုယ်စားလှယ် Koyama Yasunari