အဲလိဇဘတ် Elizabeth ဘုရင်မကြီးသည် အသက် ၉၆ နှစ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။
ထီးနန်းဆက်ခံသူ ချားလ်စ် Charles အိမ်ရှေ့မင်းသားသည် ကျွန်ုပ်ထက်လည်းပဲ အသက်ကြီးပါတယ်။
အိမ်ရှေ့မင်းသားရဲ့ တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်း ဘာတီ မှတစ်ချိန်ကဖိတ်ကြားခြင်း
ခံခဲ့ရဖူးပါတယ်။
လှူဒါန်းငွေကိုသယ်ဆောင်ပြီးတော့ လန်ဒန်အထိသွားဖို့ရာက ခက်ခဲမယ်လို့ ရိုးရိုးရှင်းရှင်းပဲငြင်းဆိုလိုက်
ပါတယ်။
Koyama သည် ဂျပန်နိုင်ငံရှိ သက်ကြီးရွယ်အိုများကို ကာကွယ်ပေးရန် အကောင်းဆုံးလုပ်ဆောင်ပြီး ၊
ကမ္ဘာ့ပေါရှိတောရိုင်းတိရိစ္ဆာန်များကို တခြားသူတွေဆီ ထားခဲ့ချင်ပါတယ်။
အင်္ဂလန်လူမျိုး အမျိုးသားများ၊ ချာချီ Churchill ၊ ရှားလက်စ် ဟုမ်းစ် Sherlock Holmes နှင့် ဂျိမ်းစ်ဘွန်း James Bond တို့ကို အမှတ်ရစေပါတယ်။
အမျိုးသမီးများသည် အဲလိဇဘက် Elizabeth ဘုရင်မကြီးနှင့် သက်ချာ Thatcher ဖြစ်ပါတယ်။
ထို့နောက်၊သူက နောက်၀န်ကြီးချုပ် ဖြစ်လာပါလိမ့်မယ်။
ဒါတောင်မှ နန်းသက် နှစ်ပေါင်း ၇၀ အုပ်ချုပ်ခဲ့တဲ့သက်တမ်းက အံ့မခန်းပါပဲ။
Koyama G သည် လာမည့်နှစ်တွင် နှစ် ၄၀ ပြည့် နှစ်ပတ်လည်နေ့ ကျင်းပမည်ဖြစ်ပါတယ်။
ကျွန်ုပ်၏ ကာယခွန်အားသည် ကျွန်ုပ်၏ နန်းသက် ၅၀ နှစ်ခန့်လောက်သာ ကန့်သတ်ချက်ဖြစ်သည်ကို
သိသော်ငြားလည်း ဒါတောင်မှ တုန်လှုပ်ချောက်ချားသွားစေပါတယ်။
ကျွန်ုပ်သည် ဘယ်အချိန်ထိပဲဖြစ်ဖြစ် သားတစ်ယောက်လို အမြဲခံစားရပါတယ်။
အဲဒါက အခုချိန်ထိလည်းပဲ မပြောင်းလဲပါဘူး။
မနက်တိုင်း ကွယ်လွန်သွားတဲ့ မိဘတွေရဲ့ပုံတွေကို နှုတ်ဆက်ဂါရ၀ပြုပြီးမှ အလုပ်ကိုသွားပါတယ်။
လက်ဆောင်ရထားတဲမုန့်တွေ၊အထူးသဖြင့်မန်ဂျူးမုန့၊ယိုပြုလုပ်ထားသည့်မုန့်များကတော့ပူဇော်သက္ကာပြုပြီးမှ သုံးဆောင်ပါတယ်။
အဖေကပဲငပိကိုအရမ်းကြိုက်ပြီး၊အထူးသဖြင့်ပါးလွှာတဲ့အရေခွံပါတဲ့မန်ဂျူးတေကိုကြိုက်နှစ်သက်ပါတယ်။
ကျွန်ုပ်သည်လည်းသွားတွေမကောင်းလာသလို၊ကြိုက်နှစ်သက်တဲ့အစားအသောက်များကတော့၊ထမခြောက်ဖြင့်ပြုလုပ်ထားသော မုန့်များကနေ ဂျပန်အချိုမုန့်များကို ပြောင်းသွားပါတယ်။
စိတ်ထဲမှာတော့လူကြီးမဖြစ်ချင်သေးတဲ့ကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း၊ခန္ဓာကိုယ်ကဆုတ်ယုတ်လာတာကိုတော့ ဟန်ဆောင်လို့မရပါဘူး။
မူကြိုကျောင်း ဘက်စ်ကားပေါ်မှာ သေဆုံးသွားသော ကလေးကအသက်က ၃ နှစ် ဖြစ်ပါတယ်။
လောကကြီးက အဓိပ္ပာယ်မဲ့ပါတယ်။
ဒီနေ့လည်းပဲ စိတ်ဆိုးနေတုန်းပါပဲ။
သွေးခုန်နှုန်း အောက်ဆီမီတာ ၉၆/၉၇/၉၈
သွေးသကြားဓာတ် ၁၇၄
မနေ့က၊ကျွန်ုပ်ရဲ့ခြေလှမ်းပေါင်းတစ်သောင်းအောင်မြင်သွားပါပြီ။ညနေခင်းသတင်းကြည့်ရင်းနဲ့ထမင်းစားခန်းရဲ့စားပွဲ၀ိုင်းကိုလှည့်ပတ်ကြည့်ခဲ့ပါတယ်။အအေးပေးစက်ကိုအမြင့်ဆုံးထိဖွင့်ထားပြီး၊ဖူဂျီတောင်တက်တာရဲ့အောင်မြင်မှုလို့ ခံစားရပါတယ်။ဘ၀မှာ ပထမဆုံးသော အောင်မြင်မှုပါပဲ။
ကိုယ်အပူချိန် ၃၆.၂ ဒီဂရီ
လာမည့်အပတ်က အဖေရဲ့နှစ်ပတ်လည်နေ့ ၊ ကိုယ်စားလှယ် Koyama Yasunari